တရားဟော 10:11 - မြန်မာ့စံမီသမ္မာကျမ်း11 တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ထလော့။ သူတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်ကို သူတို့ဝင်ရောက်သိမ်းပိုက်ဖို့ သင်သည် သူတို့ရှေ့မှ ခရီးပြုလော့’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible11 ထို့နောက်သင်တို့၏ဘိုးဘေးတို့အား ပေးမည် ဟုကတိထားတော်မူသောပြည်ကိုချီတက် သိမ်းယူနိုင်ရန် သင်တို့ကိုခေါင်းဆောင်ရမည် ဟုငါ့အားမိန့်တော်မူ၏။'' Ver CapítuloGarrad Bible11 ပေး မည် ဟူ၍ ဘိုး ဘေး တို့ အား ငါ သ စ္စာ ဆို ခဲ့ သော ပြည် ကို ဤ လူ မျိုး ဝင် ရောက် ပိုင် ယူ စေ ခြင်း ငှာ၊ ထ ၍ ဦး ဆောင် ချီ သွား လော့ ဟု ငါ့ အား မိန့် တော် မူ ၏။ Ver CapítuloJudson Bible11 ထိုကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့်ရော၍ အဖို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရားသခင်ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားသည် သူတို့ခံရသောအမွေဖြစ်တော်မူ၏။ Ver Capítulo |
အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊