တရားဟော 1:31 - မြန်မာ့စံမီသမ္မာကျမ်း31 ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။ Ver CapítuloJudson Bible31 သင်တို့လိုက်လာသော လမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာ တော၌လည်းကောင်း၊ သင်တို့အဖို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊ Ver Capítulo |
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။