တရားဟော 1:28 - မြန်မာ့စံမီသမ္မာကျမ်း28 ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible28 ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။ Ver CapítuloGarrad Bible28 ငါ တို့ ချီ တက် ရ ကြ အံ့ သော ပြည် ကား၊ အ သို့ နည်း။ ပြည် သား တို့ သည် ငါ့ တို့ ထက် အ ရပ် အ မောင်း ကြီး မြင့် လျက် မြို့ များ လည်း ကောင်း ကင် အ ထိ မြင့် သော ခံ မြို့ ကြီး များ ဖြစ်၏။ အာ န က အ မျိုး သား တို့ ကို တွေ့ မြင် ခဲ့ ရ ကြ ပြီ ဟူ၍၊ ဆွေ မျိုး သား ချင်း တို့ ပြန် ကြား သော စ ကား အ တွက် စိတ် ပျက် ကြ ပြီ ဟု ဆို ကြ သည့် ကာ လ၊ Ver CapítuloJudson Bible28 ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။ မြို့လည်း မိုးကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကိုဖျက်ကြပြီဟု သင်တို့သည် တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏။ Ver Capítulo |