တောလည် 6:24 - မြန်မာ့စံမီသမ္မာကျမ်း24 ‘ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေး၍ စောင့်ထိန်းတော်မူပါစေသော။ Ver CapítuloCommon Language Bible24 ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။ Ver CapítuloGarrad Bible24 ထာ ဝ ရ ဘု ရား သည် သင့် ကို ကောင်း ကြီး ပေး၍ စောင့် ထိန်း တော် မူ ပါ စေ သော။ Ver CapítuloJudson Bible24 ထာဝရဘုရားသည်၊ သင့်ကိုကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။ Ver Capítulo |
ယခု ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေစေရန် အလိုတော်အတိုင်း ကောင်းချီးပေးတော်မူပါ။ ဘုရားရှင်ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူပြီဖြစ်၍ ကိုယ်တော်ပေးတော်မူသောကောင်းချီးအားဖြင့် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် အစဉ်အမြဲကောင်းချီးခံစားရပါစေသော”ဟု တောင်းလျှောက်လေ၏။
အကျွန်ုပ်ကိုနိုင်ထက်စီးနင်းပြုသည့် ဆိုးယုတ်သောသူတို့၏ရှေ့မှလည်းကောင်း၊ အကျွန်ုပ်ကိုဝိုင်းရံထားလျက် အကျွန်ုပ်ကိုသတ်လိုသောရန်သူတို့ရှေ့မှလည်းကောင်း အကျွန်ုပ်ကို ကိုယ်တော်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။