တောလည် 31:23 - မြန်မာ့စံမီသမ္မာကျမ်း23 မီးဒဏ်ခံနိုင်သောအရာရှိသမျှကို မီးဖြင့် စစ်ခြင်းဖြင့် စင်ကြယ်စေရမည်။ စင်ကြယ်စေခြင်းရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးဒဏ်မခံနိုင်သောအရာရှိသမျှကိုကား ရေနှင့်ဆေးကြောရမည်။ Ver CapítuloGarrad Bible23 မီး ချ၍ သန့် စေ သည့် ပြင် အ ညစ် အ ကြေး ကင်း ရှင်း ခြင်း ရေ ဖြင့် လည်း စင် ကြယ် စေ။ မီး ချ မ ခံ သော အ ရာ ရာ ကို ကား ရေ ဆေး စေ။ Ver CapítuloJudson Bible23 မီးကိုခံနိုင်သော အရာရှိသမျှတို့ကို မီးအလယ်၌သွားစေသဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သော အရာရှိသမျှတို့ကို ရေအလယ်၌သွားစေရမည်။ Ver Capítulo |
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။