Biblia Todo Logo
La Biblia Online
- Anuncios -




တော​လည် 30:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို​ကတိသစ္စာ​ပြု​ခြင်း​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ခြင်း​ကို သူ​၏​ဖခင်​ကြား​သော်လည်း ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

4 သူ​၏​ဖ​ခင်​ကြား​၍​မ​တား​မြစ်​လျှင် သူ​သည် က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-

Ver Capítulo Copiar

Garrad Bible

4 ထို သို့ ပြု သည် ကို အ ဘ ကြား လျက် ဆိတ် ဆိတ် နေ လျှင် သ စ္စာ ဝတ် ထား သ မျှ၊ ချုပ် တည်း ရန် ဝန် ခံ သ မျှ အ တိုင်း တည် စေ။

Ver Capítulo Copiar

Judson Bible

4 ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို အ​ဘ​သည်​ကြား​လျက် တိတ်​ဆိတ်​စွာ​နေ​လျှင် ထို​သ​စ္စာ​စ​ကား​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော စ​ကား​ဟူ​သ​မျှ​တို့​သည် တည်​ရ​ကြ​မည်။

Ver Capítulo Copiar




တော​လည် 30:4
2 Referencias Cruzadas  

မိန်းမ​တစ်​ယောက်​သည် ငယ်ရွယ်​စဉ် မိမိ​ဖခင်​အိမ်​၌ ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ


သူ​၏​ဖခင် ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​လျှင်​မူကား သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး မ​တည်​ရ​။ သူ​၏​ဖခင် သူ့​ကို​ဟန့်တား​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos