တောလည် 29:39 - မြန်မာ့စံမီသမ္မာကျမ်း39 ဤသည်ကား သင်တို့၏ကတိသစ္စာအလျောက်၊ သင်တို့၏စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ သွန်းလောင်းရာပူဇော်သက္ကာများနှင့် မိတ်သဟာယယဇ်များအပြင် သတ်မှတ်ထားသောပွဲတော်၌ ထာဝရဘုရားအဖို့ ပူဇော်ရသော ပူဇော်သက္ကာများဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible39 ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။ Ver CapítuloGarrad Bible39 ပြု မြဲ ပွဲ များ၌ သ စ္စာ ဝတ် အ လျောက်၊ စေ တ နာ အ လျောက် အ လှူ ဒါ န များ ပြင် မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ အ ဖြစ် ထို အ ရာ များ ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု Ver CapítuloJudson Bible39 ထိုသို့သစ္စာကတိရှိ၍ ပြုသောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာ၊ မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာမှတစ်ပါး၊ ချိန်းချက်သောပွဲတို့၌ ထာဝရဘုရားအား ထပ်၍ပူဇော်ရမည်ဟု မိန့်တော်မူ၏။ Ver Capítulo |
ရှေ့တော်မုန့်၊ ပုံမှန်ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောဓမ္မပွဲတော်၊ သန့်ရှင်းသောအသုံးအဆောင်များ၊ အစ္စရေးလူမျိုးတို့အပြစ်ဖြေရန်အတွက် အပြစ်ဖြေရာယဇ်များနှင့် ဘုရားသခင့်အိမ်တော်၏အမှုအလုံးစုံတို့အတွက် ပေးလှူပါမည်ဟူသော ပညတ်ချက်ကို ချမှတ်၏။