Biblia Todo Logo
La Biblia Online
- Anuncios -




တော​လည် 27:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုသို့ သူ​၌​သား​မ​ရှိ​သောကြောင့် အကျွန်ုပ်​တို့​ဖခင်​၏​အမည်​ကို သူ့​မျိုးနွယ်စု​ထဲ​မှ နုတ်ပယ်​ကြ​မည်လော​။ အကျွန်ုပ်​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အကျွန်ုပ်​တို့​ကို​လည်း အမွေ​ပေး​ပါ​လော့​”​ဟု တောင်းဆို​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

4 သူ​၌​သား​ယောကျာ်း​မ​ထွန်း​ကား​သော​ကြောင့် သူ​၏​နာ​မည်​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ ပျောက်​ကွယ်​သွား​ရ​မည်​လော။ ကျွန်​မ​တို့​ဖ​ခင် ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး သ​ကဲ့​သို့ ကျွန်​မ​တို့​အား​ခွဲ​ဝေ​ပေး​ပါ'' ဟု​တောင်း​လျှောက်​ကြ​လေ​သည်။

Ver Capítulo Copiar

Garrad Bible

4 သား ယောက်ျား မ ရှိ သော် လည်း အ ဆက် အ နွယ် မှ ကျွန် မ တို့ အ ဘ အ မည် ပ ပျောက် သည် မှာ အ သို့ ပါ နည်း။ ဆွေ မျိုး သား ချင်း တို့ အ တွင်း ပိုင် စု ပေး တော် မူ ပါ ဟူ သော တောင်း လျှောက် ချက် ကို၊

Ver Capítulo Copiar

Judson Bible

4 ထို​သို့ သား​ယောက်ျား​မ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ဘ၏ အ​မည်​သည် အ​ကျွန်ုပ်​တို့​အ​ဆွေ​အ​မျိုး၌ ပျောက်​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ၊ အ​ကျွန်ုပ်​တို့​အား အ​မွေ​ပေး​ပါ​ဟု လျှောက်​ကြ၏။

Ver Capítulo Copiar




တော​လည် 27:4
6 Referencias Cruzadas  

သူ​၏​နောင်လာနောက်သား​သည် မျိုးပြတ်​သွား​ပါစေ​။ ထို​နောင်လာနောက်သား​တို့​၏​နာမည်​သည် နောက်​မျိုးဆက်​၌​ပင်လျှင် ပယ်ဖျက်​ခြင်း​ခံ​ကြ​ရ​ပါစေ​။


ထိုအခါ မောရှေ​က မိမိ​၏​ဘုရားသခင် ထာဝရဘုရား​အား “​အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမား​သော​တန်ခိုး​၊ အားကြီး​သော​လက်​တော်​ဖြင့် အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​သော ကိုယ်တော်​၏​လူမျိုး​တော်​ကို အဘယ်ကြောင့် အမျက်ထွက်​တော်မူ​ပါ​သနည်း​။


ဖြောင့်မတ်​သော​သူ​တို့​၏​အလင်း​သည် ထွန်းလင်းတောက်ပ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​မူကား ငြိမ်း​လိမ့်မည်​။


“​အကျွန်ုပ်​တို့​၏​ဖခင်​သည် တောကန္တာရ​၌ သေဆုံး​သွား​ပါ​၏​။ ထာဝရဘုရား​ကို​ဆန့်ကျင်​လျက်​စုဝေး​သော​လူထု​ဖြစ်​သည့် ကောရ​၏​အပေါင်းပါ​များ​ထဲ​တွင် သူ မ​ပါဝင်​ခဲ့​ပါ​။ သူ့​အပြစ်​ကြောင့် သူ​သေဆုံး​သွား​ပါ​၏​။ သူ​၌ သား​မ​ရှိ​ပါ​။


မောရှေ​သည်​လည်း သူ​တို့​၏​အမှု​ကို ထာဝရဘုရား​ထံ လျှောက်တင်​လေ​၏​။


ထို​မိန်းမ​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် ခေါင်းဆောင်​တို့​ထံ လာ​၍ “​အကျွန်ုပ်​တို့​ကို အကျွန်ုပ်​တို့​မောင်နှမ​များ​နှင့်အတူ အမွေ​ပေး​ရ​မည်​ဟု ထာဝရဘုရား​က မောရှေ​ကို မိန့်မှာ​ခဲ့​ပါ​၏​”​ဟု ဆို​သဖြင့် ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​အား သူ​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အမွေမြေ​ကို ခွဲဝေ​ပေး​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos