တောလည် 25:11 - မြန်မာ့စံမီသမ္မာကျမ်း11 “ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ်သည် အစ္စရေးအမျိုးသားတို့အပေါ် ငါသဝန်တိုသကဲ့သို့ သဝန်တိုသဖြင့် ငါ၏အမျက်ဒေါသကို သူတို့ထံမှလွှဲစေပြီ။ ထို့ကြောင့် သဝန်တိုသော်လည်း အစ္စရေးအမျိုးသားတို့ကို ငါမဖျက်ဆီးဘဲနေလေ၏။ Ver CapítuloCommon Language Bible11 ``ဖိနဟတ်ပြုသောအမှုကြောင့်ငါ၏အမျက် ပြေပြီ။ သူသည်ငါမှတစ်ပါးအခြားသော ဘုရားအား ကိုးကွယ်မှုကိုသည်းမခံနိုင်။ သို့ ဖြစ်၍ငါသည်အမျက်ထွက်သဖြင့် ဣသရေလ အမျိုးသားအပေါင်းကိုမသုတ်သင်မဖျက် ဆီးခဲ့ချေ။- Ver Capítulo |
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။