Biblia Todo Logo
La Biblia Online
- Anuncios -




တော​လည် 22:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ဗာလက်​မင်းကြီး​သည် နွား​နှင့်​သိုး​တို့​ကို​ပူဇော်​ပြီး ဗာလမ်​နှင့် မိမိ​မှူးမတ်​တို့​ထံ ပေးပို့​လေ​၏​။

Ver Capítulo Copiar

Common Language Bible

40 ထို​မြို့​တွင်​ဗာ​လက်​သည်​သိုး​နွား​များ​ကို သတ်​၍ အ​သား​အ​ချို့​ကို​ဗာ​လမ်​နှင့်​အ​ကြီး အ​ကဲ​များ​ထံ​သို့​ပို့​စေ​သည်။

Ver Capítulo Copiar

Garrad Bible

40 ဗာ လက် မင်း သည် နွား၊ သိုး များ ကို ပူ ဇော် ပြီး လျှင် ဗာ လမ် နှင့် မှူး မတ် တို့ အား ပေး ပို့ လေ၏။

Ver Capítulo Copiar

Judson Bible

40 ဗာ​လက်​မင်း​သည်​လည်း၊ သိုး​နွား​တို့​ကို​ပူ​ဇော်၍ ဗာ​လမ်​နှင့် အ​ရာ​ရှိ​တို့​အား​ပေး​လိုက်​လေ၏။

Ver Capítulo Copiar




တော​လည် 22:40
7 Referencias Cruzadas  

ထို့နောက် ယာကုပ်​သည် တောင်​ပေါ်၌​ယဇ်ကောင်​ကို​ပူဇော်​၍ အစားအစာ​စားသောက်​ရန် မိမိ​၏​ဆွေမျိုးသားချင်း​တို့​ကို​ဖိတ်ခေါ်​လေ​၏​။ သူ​တို့​သည်​လည်း အစားအစာ​စားသောက်​ပြီးလျှင် တောင်​ပေါ်၌ ညအိပ်နား​ကြ​၏​။


အကြောင်းမူကား သူ​တို့​၏​ခြေ​သည် မကောင်းမှု​ပြု​ရာ​သို့​ပြေးသွား​၍ သူ​တို့​သည် လူ​ကို​သတ်ဖြတ်​ရန် လျင်မြန်​ကြ​၏​။


ထို့နောက် ဗာလမ်​သည် ဗာလက်​မင်းကြီး​နှင့်အတူ​လိုက်သွား​၍ ကိရယဿုဇုတ်​မြို့​သို့​ရောက်​ကြ​၏​။


နောက်တစ်နေ့​နံနက်​တွင် ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို​ခေါ်​၍ ဗာမုတ်ဗာလ​ကုန်းမြင့်​ပေါ်သို့​တက်သွား​ကြ​၏​။ ထို​နေရာ​မှ အစ္စရေး​လူမျိုး​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို တွေ့မြင်​ရ​၏​။


ထို့နောက် သူ​သည် ဗာလမ်​ကို ပိသဂါ​တောင်​ထိပ်​ရှိ ဇောဖိမ်​ကွင်းပြင်​သို့ ခေါ်သွား​၍ ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​ပြီး ထို​ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။


ဗာလက်​မင်းကြီး​သည်​လည်း ဗာလမ်​ပြော​သည့်​အတိုင်း ပြု​၍ သူ​တို့​သည် ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။


ဗာလက်​မင်းကြီး​သည် ဗာလမ်​ပြော​သည့်​အတိုင်း​ပြု​၍ ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos