Biblia Todo Logo
La Biblia Online
- Anuncios -




တော​လည် 2:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဧဖရိမ်​တပ်စခန်း​၏​အလံ​နား​ရှိ ဧဖရိမ်​တပ်ဖွဲ့​သည် အနောက်ဘက်​၌ စခန်းချ​ရ​မည်​။ အမိဟုဒ်​၏​သား ဧလိရှမာ​သည် ဧဖရိမ်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။

Ver Capítulo Copiar

Common Language Bible

18-24 အ​နောက်​ဘက်​မျက်​နှာ​တွင်​ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အစု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ ၄၀၅၀၀ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ၃၂၂၀၀ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ၃၅၄၀၀ စု​စု​ပေါင်း ၁၀၈၁၀၀ ဧ​ဖ​ရိမ်​တပ်​သည်​တ​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။-

Ver Capítulo Copiar

Garrad Bible

18-19 အ နောက် မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ဧ ဖ ရိမ့် တပ် ပိုင်း၊ ဧ ဖ ရိမ့် အ နွယ် သား စာ ရင်း ဝင် သူ လေး သောင်း ငါး ရာ တပ် ပေါ် တွင် အ မိ ဟုဒ် သား ဧ လိ ရှ မာ ဗိုလ် လုပ် ရ မည်။

Ver Capítulo Copiar

Judson Bible

18 အ​နောက်​မျက်​နှာ၌ ဧ​ဖ​ရိမ်​တပ်​အ​လုံး​အ​ရင်း​သည်၊ ဧ​ဖ​ရိမ်​အ​လံ​ကို​ထူ၍ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည်၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

Ver Capítulo Copiar




တော​လည် 2:18
13 Referencias Cruzadas  

အီဂျစ်​ပြည်​သို့​ငါ​မ​ရောက်လာ​မီ အီဂျစ်​ပြည်​၌ သင်​ရ​နှင့်​သော သား​နှစ်​ယောက်​သည် ငါ့​သား​များ​ဖြစ်​၏​။ ဧဖရိမ်​နှင့်​မနာရှေ​သည် ရုဗင်​နှင့်​ရှိမောင်​ကဲ့သို့ ငါ့​သား​များ​ဖြစ်​ရ​မည်​။


သူ​တို့​သည် ငိုကြွေး​လျက် ပြန်လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို နှစ်သိမ့်​လျက် ငါ​ပြန်ခေါ်​လာ​မည်​။ သူ​တို့​ကို စမ်းချောင်း​နား​၊ သူ​တို့​ခလုတ်​မ​တိုက်​နိုင်​သည့် ဖြောင့်ဖြူး​သော​လမ်း​ဖြင့် ငါ​ပို့ဆောင်​မည်​။ ငါ​သည် အစ္စရေး​လူမျိုး​၏​အဖ​ဖြစ်​၏​။ ဧဖရိမ်​အမျိုး​သည် ငါ​၏​သားဦး​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ယောသပ်​၏​သား​တို့​တွင် ဧဖရိမ်​အမျိုး​မှ အမိဟုဒ်​၏​သား ဧလိရှမာ​၊ မနာရှေ​အမျိုး​မှ ပေဒါဇုရ​၏​သား ဂါမလျေလ​၊


ယောသပ်​၏​သားမြေး​ဖြစ်​သော ဧဖရိမ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ


ထို့နောက် ဧဖရိမ်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိဟုဒ်​၏​သား ဧလိရှမာ ဦးစီး​၏​။


ဧလိရှမာ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ လေးသောင်း​ငါး​ရာ ဖြစ်​၏​။


သတ္တမ​နေ့​၌ ဧဖရိမ်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ အမိဟုဒ်​၏​သား​ဧလိရှမာ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ


မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား အမိဟုဒ်​၏​သား ဧလိရှမာ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။


သူ​၏​နွား​သားဦး​သည် သူ​၏​ဂုဏ်ကျက်သရေ​ဖြစ်​၏​။ သူ​၏​ဦးချို​သည် နွားရိုင်း​ဦးချို​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ထို​ဦးချို​ဖြင့် လူမျိုးတကာ​တို့​ကို မြေကြီး​စွန်း​တိုင်အောင် တစ်ချက်တည်း​ဝှေ့​ပစ်​မည်​။ ထို​ဦးချို​များ​သည် သောင်းပေါင်း​များစွာ​သော​ဧဖရိမ်​အမျိုး​၊ ထောင်ပေါင်း​များစွာ​သော​မနာရှေ​အမျိုး ဖြစ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos