တောလည် 16:33 - မြန်မာ့စံမီသမ္မာကျမ်း33 ထိုသူတို့သည် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့နှင့်အတူ မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရ၏။ မြေကြီးသည် ပြန်ပိတ်သွားလေ၏။ သူတို့သည် လူအစုအဝေးထဲမှ ပျောက်ကွယ်သွားလေ၏။ Ver CapítuloCommon Language Bible33 ထိုသို့အားဖြင့်သူတို့ပိုင်ဆိုင်သမျှပစ္စည်း တို့နှင့်အတူ သူတို့သည်သေမင်းနိုင်ငံသို့ အရှင်လတ်လတ်သက်ဆင်းရကြလေသည်။ သူတို့သည်မြေမျိုသဖြင့်ပျောက်ကွယ် သွားကြလေ၏။- Ver CapítuloGarrad Bible33 သူ တို့ နှင့် တ ကွ ဖက် စပ် သူ ရှိ သ မျှ သည် မ ရ ဏာ့ နိုင် ငံ သို့ အ သက် ရှင် လျက် ပင် ကျ ရောက် လျက် မြေ ပိတ် ဖုံး သ ဖြင့် ပ ရိ သတ် ဘောင် မှ ဆုံး ပါး ကြ ၏။ Ver CapítuloJudson Bible33 ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသောသူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကို ခံရကြ၏။ Ver Capítulo |
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
ထိုနေရာတွင် မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဆီဒုန်လူမျိုးအားလုံးလည်း ရှိကြ၏။ သူတို့သည် အရှိန်အဝါကြီး၍ ကြောက်ရွံ့ခန့်ညားရသောလူများဖြစ်ခဲ့သော်လည်း အသတ်ခံရသောသူတို့နှင့်အတူ အရှက်တကွဲ တွင်းထဲသို့ကျကြရ၏။ ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့နှင့်အတူ လဲလျောင်းရ၍ တွင်းထဲရောက်သွားသူတို့နှင့်အတူ အသရေပျက်ခြင်းကို ခံရလေပြီတကား။