တောလည် 15:29 - မြန်မာ့စံမီသမ္မာကျမ်း29 မရည်ရွယ်ဘဲအပြစ်ပြုမိသောသူနှင့်ပတ်သက်၍ အစ္စရေးအမျိုးသားတို့တွင် အမျိုးသားချင်းအတွက်ဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သော တစ်ပါးအမျိုးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း ဖြစ်ရမည်။ Ver CapítuloCommon Language Bible29 ဤပညတ်သည်အမှတ်မထင်အပြစ်ပြု မိသော တိုင်းရင်းဖွားဣသရေလအမျိုး သားအတွက်ဖြစ်စေ၊ အတူတကွနေထိုင် သောလူမျိုးခြားအတွက်ဖြစ်စေ အပြစ် ဖြေရန်လိုက်နာရမည့်ပညတ်ဖြစ်သည်။ Ver CapítuloGarrad Bible29 ဣ သ ရေ လ အ မျိုး သား တို့ တွင် တိုင်း ရင်း သား သော် လည်း ကောင်း၊ ဝင် နေ သူ သော် လည်း ကောင်း မ တော် တ ဆ ပြု မိ သူ ဆိုင် ရာ တ ရား တစ် ပါး တည်း သာ ရှိ ရာ၏။ Ver CapítuloJudson Bible29 ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ပြစ်မှားသောအခါ၊ တစ်ပါးတည်းသော တရားကိုစောင့်ရကြမည်။ Ver Capítulo |
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။