Biblia Todo Logo
La Biblia Online
- Anuncios -




တော​လည် 13:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​မည့် ခါနာန်​ပြည်​ကို​စူးစမ်း​ရန် ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အသီးသီး​မှ ခေါင်းဆောင်​တစ်ဦးစီ​ကို စေလွှတ်​လော့​”​ဟု မိန့်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး​မည့် ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​မှ​ခေါင်း​ဆောင်​တစ်​ဦး​ကျ​စီ ကို​ရွေး​လော့'' ဟု​မိန့်​တော်​မူ​၏။-

Ver Capítulo Copiar

Garrad Bible

2 ဣ သ ရေ လ အ မျိုး သား တို့ အား ငါ ပေး သ နား သော ခါ နာန် ပြည် ကို စူး စမ်း စေ ခြင်း ငှါ တစ် နွယ် လျှင် တစ် ယောက် ကျ ကိုယ့် အ နွယ် ပေါ် တွင် အ ကြီး အ ကဲ ဖြစ် သူ တို့ ကို စေ လွှတ် လော့ ဟူ ၍၊

Ver Capítulo Copiar

Judson Bible

2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ထဲ​က အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော​သူ တစ်​မျိုး​တစ်​ယောက်​စီ​ရွေး​ကောက်၍ စေ​လွှတ်​လော့​ဟု၊

Ver Capítulo Copiar




တော​လည် 13:2
12 Referencias Cruzadas  

အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​များ​ကို​ရွေးချယ်​၍ သူ​တို့​ကို လူ​တို့​၏​အကြီးအမှူး​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်ဖြင့် ခန့်အပ်​ထား​လေ​၏​။


အမျိုးအနွယ်​အသီးသီး​ထဲမှ တစ်မျိုး​တစ်ယောက်စီ သင်​တို့​နှင့်အတူ​ရှိ​ရ​မည်​။ သူ​တို့​တစ်ဦးစီ​သည် မိမိ​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​၌ အကြီးအမှူး​ဖြစ်​ရ​မည်​။


ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထဲမှ သက်ကြီးဝါကြီး​ဖြစ်၍ လူ​တို့​ကို ကြီးကြပ်အုပ်ချုပ်​နိုင်​သူ​လည်း​ဖြစ်​သည်​ဟု သင်​သိ​ထား​သော အစ္စရေး​သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​ကို ငါ့​ထံ စုဝေး​စေ​လော့​။ သင်​သည် ထို​သူ​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ ခေါ်ဆောင်​လာ​၍ သင်​နှင့်အတူ ထို​နေရာ​၌​ရပ်​နေ​စေ​လော့​။


ဤသည်ကား ခါနာန်​ပြည်​ကို စူးစမ်း​ရန် မောရှေ​စေလွှတ်​သော​သူ​တို့​၏​အမည်​များ​ဖြစ်​၏​။ မောရှေ​သည် နုန်​၏​သား ဟောရှေ​ကို ယောရှု​ဟု မှည့်ခေါ်​၏​။


ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​၏​အကြီးအမှူး​များ​ကို ပါရန်​တောကန္တာရ​မှ စေလွှတ်​၏​။


ထို​ပြည်​ကို​ကြည့်ရှု​ရန် သင်​တို့​၏​ဖခင်​တို့​ကို ကာဒေရှဗာနာ​အရပ်​မှ ငါ​စေလွှတ်​သောအခါ သူ​တို့​သည်​လည်း ဤသို့​ပြု​ခဲ့​ကြ​၏​။


အမွေ​မြေ​ကို ခွဲဝေ​ပေး​ဖို့ အမျိုးအနွယ်​အသီးသီး​မှ ခေါင်းဆောင်​တစ်ဦးစီ​ကို​လည်း သင်​တို့ ခေါ်​ရ​မည်​။


ထို့ကြောင့် ပညာရှိ​ပြီး အတွေ့အကြုံ​လည်း​ရှိ​သော သင်​တို့​၏​မျိုးနွယ်​အကြီးအမှူး​တို့​ကို ငါ​ခေါ်ယူ​ပြီးလျှင် သူ​တို့​အား သင်​တို့​မျိုးနွယ်​ကို​ကြီးကြပ်အုပ်ချုပ်​သော​သူ​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်​ဖြင့် ခန့်ထား​၏​။


ထာဝရဘုရား​သည် သင်​တို့​ကို ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​၍ ‘​သင်​တို့​အား ငါ​ပေး​သော​ပြည်​ကို သွား​၍​သိမ်းပိုက်​လော့​’​ဟု မိန့်​တော်မူ​သောအခါ​၌​လည်း သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​ကြ​၏​။ သင်​တို့​သည် ကိုယ်တော်​ကို​မ​ယုံ​၊ ကိုယ်တော်​၏​စကား​တော်​ကို​လည်း​နား​မ​ထောင်​ကြ​။


သို့ဖြစ်၍ ယခု အစ္စရေး​မျိုးနွယ်​များ​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်ယူ​လော့​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos