Biblia Todo Logo
La Biblia Online
- Anuncios -




တော​လည် 13:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို​ပြည်​သည် မည်သို့သော​ပြည်​ဖြစ်​သနည်း​၊ ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် နည်း​သလော​၊ များ​သလော​၊ အားကြီး​သလော​၊ အားနည်း​သလော​၊

Ver Capítulo Copiar

Common Language Bible

18 ထို​ပြည်​သည်​မည်​ကဲ့​သို့​သော​ပြည်​ဖြစ်​သည်၊ လူ​ဦး​ရေ​မည်​မျှ​ရှိ​သည်၊ အင်​အား​မည်​မျှ တောင့်​တင်း​သည်​ကို​စုံ​စမ်း​ထောက်​လှမ်း​လော့။-

Ver Capítulo Copiar

Garrad Bible

18 ပြည် သူ ပြည် သား တို့ အား ကြီး သည် အား နည်း သည် ကို လည်း ကောင်း၊ နည်း သည် များ သည် ကို လည်း ကောင်း၊

Ver Capítulo Copiar

Judson Bible

18 ထို​ပြည်​သည် အ​ဘယ်​သို့​သော​ပြည် ဖြစ်​သ​နည်း။ ပြည်​သား​တို့​သည် အား​ကြီး​သ​လော၊ အား​နည်း​သ​လော။ များ​သ​လော၊ နည်း​သ​လော။

Ver Capítulo Copiar




တော​လည် 13:18
4 Referencias Cruzadas  

ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​လက်​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး ယေဗုသိ​လူမျိုး တို့​နေထိုင်​ရာ​အရပ်​ဖြစ်​သည့် ကောင်းမွန်​ကျယ်ဝန်း​သော​ပြည်​၊ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​ရန် ငါ​ကြွလာ​ပြီ​။


ကောင်း​သော​စားကျက်မြေ​တွင် သူ​တို့​ကို ကျွေးမွေး​မည်​။ မြင့်မား​သော​အစ္စရေး​တောင်တန်း​များ​သည် သူ​တို့​ကျက်စား​ရာ​နေရာ​ဖြစ်​လိမ့်မည်​။ ကောင်း​သော​စားကျက်မြေ​တွင်​နေ​ရ​၍ စိမ်းလန်း​သော​ကျက်စား​ရာ အစ္စရေး​တောင်တန်း​များ​ပေါ်တွင် သူ​တို့​ကျက်စား​ရ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


မောရှေ​က ခါနာန်​ပြည်​ကို​စူးစမ်း​ရန် စေလွှတ်​သော​သူ​တို့​အား “​သင်​တို့​သည် ဤ​နေဂေ့​အရပ်​မှ​ဖြတ်​၍ တောင်ပေါ်ဒေသ​သို့ တက်သွား​ရ​မည်​။


သူ​တို့​နေထိုင်​သော​ပြည်​သည် ကောင်း​သလော​၊ ဆိုး​သလော​။ သူ​တို့​နေထိုင်​သော​မြို့​တို့​သည် တပ်စခန်း​ဖြင့်​လော​၊ ခိုင်ခံ့​သော​မြို့​လော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos