တောလည် 12:2 - မြန်မာ့စံမီသမ္မာကျမ်း2 သူတို့က “ထာဝရဘုရားသည် မောရှေအားဖြင့်သာ စကားပြောတော်မူသလော။ ငါတို့အားဖြင့်လည်း မိန့်မြွက်တော်မူသည်မဟုတ်လော”ဟု ဆိုကြသည်ကို ထာဝရဘုရားကြားတော်မူ၏။ Ver CapítuloCommon Language Bible2 သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။- Ver CapítuloGarrad Bible2 မော ရှေ အား သာ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သ လော။ ငါ တို့ အား လည်း ပေး တော် မူ သည် မ ဟုတ် လော ဟု ဆို ကြ သည် ကို ထာ ဝ ရ ဘု ရား ကြား လျှင် ကြား ချင်း၊ Ver CapítuloJudson Bible2 အကယ်၍ထာဝရဘုရားသည်၊ မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရဘုရားကြားတော်မူ၏။ Ver Capítulo |
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။