တောလည် 11:4 - မြန်မာ့စံမီသမ္မာကျမ်း4 အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ Ver CapítuloCommon Language Bible4 ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။- Ver CapítuloGarrad Bible4 လိုက် ပါ လူ ထု တို့ သည် တပ် မက် ကြ ရာ ဣ သ ရေ လ အ မျိုး သား တို့ က လည်း စား ရန် အ သား ကို မည် သို့ ရ ပါ အံ့ နည်း။ Ver CapítuloJudson Bible4 ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသော တစ်ပါးအမျိုးသားတို့သည် တောင့်တသောစိတ်စွဲလမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တစ်ဖန်ငိုကြွေးလျက် ငါတို့စားစရာဖို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။ Ver Capítulo |
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
သင်သည် လူတို့အား ‘သင်တို့က ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ အီဂျစ်ပြည်၌ ငါတို့ကောင်းစားခဲ့ကြ၏ဟု ဆိုလျက် ထာဝရဘုရားကြားအောင် ငိုကြွေးကြသောကြောင့် ထာဝရဘုရားသည် သင်တို့အား အသားကို ပေးတော်မူမည်ဖြစ်၍ သင်တို့သည် အသားကို စားရလိမ့်မည်။ သို့ဖြစ်၍ မနက်ဖြန်အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့။