တောလည် 11:24 - မြန်မာ့စံမီသမ္မာကျမ်း24 မောရှေသည် ထွက်သွား၍ လူတို့အား ထာဝရဘုရား၏စကားတော်တို့ကို ဆင့်ဆိုလေ၏။ သက်ကြီးဝါကြီးတို့ထဲမှ လူအယောက်ခုနစ်ဆယ်ကိုစုဝေးစေ၍ သူတို့ကို တဲတော်ပတ်ပတ်လည်၌ ရပ်စေ၏။ Ver CapítuloCommon Language Bible24 မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။- Ver CapítuloGarrad Bible24 မော ရှေ သည် ထွက် သွား၍ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ချက် ကို လူ ပ ရိ သတ် အား ပြန် ကြား ပြီး လျှင် လူ ကြီး တို့ အ နက် ခု နစ် ဆယ် ကို စု ရုံး လျက် တွေ့ ဆုံ ရာ တဲ တော့် ပတ် လည် ထား ပြီး နောက်၊ Ver CapítuloJudson Bible24 မောရှေသည်ထွက်၍ ထာဝရဘုရား၏စကားတော်ကို လူများတို့အားဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ်စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။ Ver Capítulo |
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။