တောလည် 10:33 - မြန်မာ့စံမီသမ္မာကျမ်း33 အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။ Ver CapítuloCommon Language Bible33 ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။- Ver CapítuloGarrad Bible33 ထာ ဝ ရ ဘု ရား၏ တောင် တော် မှ သူ တို့ သုံး ရက် ခ ရီး ချီ သွား ကြ ရာ၊ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ လည်း သုံး ရက် ခ ရီး အ တွင်း ရှေ့ လွန် သွား လျက် ချ ရပ် ရာ ကို ရှာ ဖွေ ၏။ Ver CapítuloJudson Bible33 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဖို့ စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။ Ver Capítulo |
ထိုကာလ၌ ပြည်တော်တွင် သင်တို့သည် များစွာပွားများကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ထိုအခါ လူတို့သည် ‘ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်’ဟု ပြောဆိုကြတော့မည်မဟုတ်။ စိတ်ထဲ၌ ရှိတော့မည်မဟုတ်၊ အောက်မေ့သတိရတော့မည်မဟုတ်။ ထိုသေတ္တာတော်ကို ပြုလုပ်တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။