တိတု 3:7 - မြန်မာ့စံမီသမ္မာကျမ်း7 ဤသည်ကား ငါတို့သည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် အမွေခံဖြစ်လာကြမည့်အကြောင်းတည်း။ Ver CapítuloCommon Language Bible7 ယင်းသို့ပြုတော်မူခြင်းမှာငါတို့သည်ကျေးဇူး တော်အားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံမှုကိုရရှိကာ ငါတို့မျှော်လင့်တောင့်တသည့် ထာဝရအသက်ကိုခံယူရကြစေရန်ပင် ဖြစ်ပေသည်။- Ver CapítuloJudson Bible7 အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရအသက်ကို မျှော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 ဤသည်မှာ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရအသက်ကို အမွေခံနိုင်ရန်ဖြစ်၏။ Ver Capítulo |
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
ထိုနည်းတူ ခင်ပွန်းသည်တို့၊ ဇနီးသည်သည် မိန်းမသားဖြစ်ပြီး သင်တို့ထက် အားနည်းသောသူဖြစ်ကြောင်း သိရှိနားလည်၍ အသက်နှင့်ဆိုင်သောကျေးဇူးတော်ကို အတူတကွအမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွပေါင်းသင်းနေထိုင်ကြလော့။ ဤသည်ကား သင်တို့၏ဆုတောင်းချက်များ တားဆီးခြင်းမခံရမည့်အကြောင်းတည်း။