တိတု 2:8 - မြန်မာ့စံမီသမ္မာကျမ်း8 အပြစ်တင်စရာကင်းသော မှန်ကန်ပြည့်စုံသည့်စကားကို ပြောဆိုလော့။ သို့ပြုလျှင် ဆန့်ကျင်ဘက်ပြုသောသူသည် ငါတို့နှင့်ပတ်သက်၍ မကောင်းသောအရာတစ်စုံတစ်ခုကိုမျှ မပြောဆိုနိုင်ဘဲ အရှက်ရလိမ့်မည်။ Ver CapítuloCommon Language Bible8 သင်၏ရန်သူများသည်ငါတို့အားအဘယ် အမှုတွင်မျှအပြစ်ရှာ၍မရသဖြင့် အရှက် ကွဲကြစေရန်သင်သည်သူတစ်ပါးတို့ပြစ် တင်ဝေဖန်မှုမပြုနိုင်အောင်လျောက်ပတ်သည့် စကားကိုပြောဆိုလော့။ Ver CapítuloJudson Bible8 အပြစ်တင်ဖွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တစ်ဖက်၌ နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း8 အပြစ်ဆိုဖွယ်မရှိသည့် မှန်ကန်သောစကားကို ပြောဆိုခြင်းတို့ဖြင့် သွန်သင်လော့။ ထိုအခါ သင့်ကို ဆန့်ကျင်သောသူတို့သည် ကဲ့ရဲ့စရာအကြောင်းမရှိသဖြင့် အရှက်ကွဲကြလိမ့်မည်။ Ver Capítulo |
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။