Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 9:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထို​အကြောင်း​ကို ညီအစ်ကို​တို့​ကြားသိ​ကြ​သောအခါ သူ့​ကို ဆီဇာရီးယား​မြို့​သို့ ခေါ်ဆောင်​သွား​၍ တာရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။

Ver Capítulo Copiar

Common Language Bible

30 ထို​အ​ကြောင်း​ကို​ညီ​အစ်​ကို​တို့​ကြား​သိ​သော အ​ခါ သူ့​ကို​ကဲ​သ​ရိ​မြို့​သို့​ပို့​ဆောင်​ပြီး​လျှင် ထို​မှ​တစ်​ဖန်​တာ​ရှု​မြို့​သို့​ထွက်​ခွာ​သွား​စေ ကြ​၏။

Ver Capítulo Copiar

Garrad Bible

30 ကဲ သ ရိ မြို့ ရောက် ရှော လု ကို ခေါ် သွား ပြီး လျှင် တာ ရှု မြို့ သို့ လွှတ် လိုက် ကြ၏။

Ver Capítulo Copiar

Judson Bible

30 ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 ထို​အကြောင်း​ကို ယုံကြည်သူတို့ ကြားသိ​သောအခါ သူ့​အား ဆီဇာရီးယားမြို့​သို့ ခေါ်ဆောင်လာပြီး တာရှုမြို့​သို့ လွှတ်လိုက်ကြ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 9:30
11 Referencias Cruzadas  

မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။


ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပိ​နယ်မြေ​ဒေသ​များ​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​သည် လူ့သား​ကို မည်သူ​ဖြစ်​သည်​ဟု ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​၏။


ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍


ထို့နောက် ဗာနဗ​သည် ရှောလု​ကို​ရှာ​ရန် တာရှု​မြို့​သို့​ထွက်သွား​၍


ညီအစ်ကို​တို့​သည် ပေါလု​နှင့်​သိလ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေရိ​မြို့​သို့ စေလွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သောအခါ ဂျူး​လူမျိုး​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့ သွား​ကြ​၏။


ပေါလု​ကို​လိုက်ပို့​သော​သူ​တို့​သည် သူ့​ကို အေသင်​မြို့​တိုင်အောင် ပို့ဆောင်​ပြီးနောက် သိလ​နှင့်​တိမောသေ​တို့​အား မိမိ​ထံသို့ တတ်နိုင်​သမျှ အမြန်ဆုံး​လာ​ကြ​ပါ​ဟူသော ပေါလု​၏​ညွှန်ကြား​ချက်​ကို​ယူ​၍ ပြန်သွား​ကြ​၏။


ထို​မြို့​တွင် ညီအစ်ကို​တို့​ကို​တွေ့ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခုနစ်​ရက်​ခန့်​နေထိုင်​ရန် ဖိတ်ခေါ်​ကြ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ရောမ​မြို့​သို့​ရောက်လာ​ကြ​၏။


ဖိလိပ္ပု​မူကား အာဇုတ်​မြို့​၌​ပေါ်လာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​သည့်​တိုင်အောင် မြို့​ရွာ​အားလုံး​တို့​ကို​လှည့်လည်​၍ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။


သခင်​ဘုရား​က​လည်း“သင်​သည်​ထ​၍ လမ်းဖြောင့်​ဟု​ခေါ်​သော လမ်းကြား​တစ်​ခု​သို့​သွား​ပြီးလျှင် ရှောလု​အမည်​ရှိ​သော တာရှု​မြို့သား​ကို ယုဒ​၏​အိမ်​၌ မေးမြန်း​ရှာဖွေ​လော့။ အကြောင်းမူကား သူ​သည် ဆုတောင်း​လျက်​နေ​၍


ထို့နောက် ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos