Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 8:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 အကြောင်းမူကား သင်​သည် ခါးသီး​သော​သည်းခြေ​နှင့် မတရားမှု​၏​အနှောင်အဖွဲ့​ထဲ၌​ရှိ​နေ​သည်​ကို ငါ​မြင်​သည်”​ဟု ဆို​လေ​၏။

Ver Capítulo Copiar

Common Language Bible

23 သင်​သည်​မ​နာ​လို​စိတ်​မွှန်​လျက်​အ​ပြစ်​ဒု​စ​ရိုက် ၏​အ​နှောင်​အ​ဖွဲ့​၌​ရှိ​နေ​သည်​ကို​ငါ​မြင်​၏'' ဟု ဆို​၏။

Ver Capítulo Copiar

Garrad Bible

23 သင် သည် ခါး သော အ ဆိပ် နှင့် ဒု စ ရိုက် အ ထုပ် ဖြစ် သည် ကို ငါ သိ မြင် သည် ဟု ဆို ရာ၊

Ver Capítulo Copiar

Judson Bible

23 သင်​သည် ခါး​စွာ​သော​သည်း​ခြေ​စွဲ​သည်​ဖြစ်၍၊ ဒု​စ​ရိုက်​အ​နှောင်​အ​ဖွဲ့​နှင့် မ​လွတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဟု​ဆို၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 အဘယ်ကြောင့်ဆိုသော် စိတ်နှလုံး​သည် သည်းခြေ​ကဲ့သို့ ခါးသီးခြင်း​နှင့် ပြည့်​၍ မတရားမှု​နှောင်ကြိုး​နှင့် မလွတ်ကြောင်း​ကို ကျွန်ုပ်​တွေ့မြင်ရ​သောကြောင့်​ဖြစ်သည်” ဟု ဆိုလေ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 8:23
18 Referencias Cruzadas  

ထို​အစာ​တို့​သည် ဝမ်း​ထဲတွင် မြွေဟောက်​အဆိပ်​အဖြစ်​သို့ ပြောင်းသွား​လိမ့်မည်​။


အို ထာဝရဘုရား​၊ အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော့်​ကျွန်မ​၏​သား​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ခံရ​သော အချည်အနှောင်​များ​မှ ကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပြီ​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။


ထို့ကြောင့် ပြက်ရယ်​မ​ပြု​ကြ​နှင့်​။ ပြု​လျှင် သင်​တို့​ကို ချည်နှောင်​သော​ကြိုး​တို့​သည် ပိုမို​တင်းကျပ်​လိမ့်မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သုတ်သင်ဖျက်ဆီး​မည်​ဟု ဆုံးဖြတ်ချက်​ချ​တော်မူ​ကြောင်း​ကို ငါ​ကြားသိ​ရ​ပြီ​။


ငါ​နှစ်သက်​သော​အစာရှောင်​ခြင်း​ဟူမူကား မတရား​သော​အချည်အနှောင်​ကို ဖြေပေး​ခြင်း​၊ ထမ်းပိုး​ကြိုး​တို့​ကို ချွတ်ပေး​ခြင်း​၊ ဖိနှိပ်ချုပ်ချယ်​ခံရ​သော​သူ​တို့​ကို လွတ်လပ်​ခွင့်​ပေး​ခြင်း​၊ ထမ်းပိုး​ရှိသမျှ​တို့​ကို​ချိုး​ခြင်း​ပင် မ​ဟုတ်​လော​။


သင်​၏​အပြုအမူ​၊ အကျင့်အကြံ​တို့​ကြောင့် ဤ​အမှု​တို့​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။ ဤသည်ကား သင်​၏​ဆိုးညစ်မှု​ပေတည်း​။ မည်မျှ ခါးသီး​သနည်း​။ မည်မျှ စိတ်​နာကျင်ဖွယ်​ကောင်း​သနည်း​။


ထို့ကြောင့် အစ္စရေး​၏​ဘုရားသခင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို​သောက်​စေ​မည်​။


အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​၊ ဆင်းရဲဒုက္ခ​တို့​ကို သတိရ​တော်မူ​ပါ​။ အကျွန်ုပ်​သောက်​ရ​သော ဒေါနရည်​၊ အဆိပ်ရည်​တို့​ကို​လည်း သတိရ​တော်မူ​ပါ​။


ငါ့​ကို ဝန်းရံ​တိုက်ခိုက်​တော်မူ​ပြီ​။ ခါးသီးမှု​၊ ခက်ခဲမှု​ဖြင့် ဝိုင်းထား​တော်မူ​ပြီ​။


ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ အပြစ်​ပြု​သူ​တိုင်း​သည် အပြစ်​၏​ကျွန်​ဖြစ်​၏။


ခပ်သိမ်း​သော​ခါးသီး​နာကြည်း​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ အမျက်ထွက်​ခြင်း၊ အော်ဟစ်​ငေါက်ငမ်း​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​ကို မကောင်းမှု​အလုံးစုံ​နှင့်အတူ သင်​တို့​ထံမှ ဖယ်ရှား​ကြ​လော့။


အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။


မည်သူမျှ ဘုရားသခင်​၏​ကျေးဇူး​တော်​မှ ကင်းကွာ​မ​သွား​စေရန်​လည်းကောင်း၊ ခါးသီး​သော​အမြစ်​တစ်စုံတစ်ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်ယှက်​သဖြင့် လူ​များစွာ​တို့​သည် ထို​အရာ​ကြောင့် ညစ်ညူး​စေ​ခြင်း​မ​ခံရ​စေရန်​လည်းကောင်း သတိပြု​ကြ​လော့။


သူ​တို့​သည် ထို​သူ​တို့​အား လွတ်လပ်​မှု​ကို​ပေး​မည်​ဟု ကတိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်တိုင်​သည် ပျက်စီး​ခြင်း​၏​ကျေးကျွန်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​၏​အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် ထို​အရာ​၏​ကျေးကျွန်​ဖြစ်​၏။


အကြောင်းမူကား ဘုရားသခင်​သည် အပြစ်​ပြု​သည့်​ကောင်းကင်​တမန်​များ​ကို ညှာတာ​တော်​မ​မူ​ဘဲ အဝီစိ​ငရဲ​ထဲသို့ ပစ်ချ​၍ မှောင်မည်း​ခြင်း​၏​သံကြိုး​ဖြင့် ချည်နှောင်​ကာ တရား​စီရင်​ခြင်း​အတွက် ထိန်းသိမ်း​ထား​တော်မူ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos