တမန်တော်ဝတ္ထု 8:21 - မြန်မာ့စံမီသမ္မာကျမ်း21 သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။ Ver CapítuloCommon Language Bible21 ဘုရားသခင်၏ရှေ့တော်တွင်သင်၏စိတ်ထား မမှန်ကန်သဖြင့် ငါတို့၏အလုပ်တွင်သင် မပါဝင်နိုင်။- Ver CapítuloGarrad Bible21 တ ရား တော် ဆိုင် ရာ ပိုင် စု နှင့် ဝေ ပုံ ကို မျှ သင် ရ သည် မ ဟုတ်။ စိတ် နှ လုံး လည်း ဘု ရား သ ခင့် ရှေ့ မ ဖြောင့်။ Ver CapítuloJudson Bible21 သင်သည် ဤအမှုအရာနှင့် မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 ဘုရားသခင်ရှေ့တော်တွင် သင့်စိတ်နှလုံးသည် မမှန်ကန်သောကြောင့် ဤအမှုတော်တွင် ပါဝင်ခွင့်မရှိပါ။ Ver Capítulo |
ငါကလည်း သူတို့အား “ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အား အောင်မြင်ခွင့်ကို ပေးတော်မူမည်။ ကိုယ်တော်၏အစေအပါးများဖြစ်သောငါတို့သည် ထ၍ ပြန်လည်တည်ဆောက်ခြင်းအမှုကို ပြုမည်။ သင်တို့မူကား ဂျေရုဆလင်မြို့တွင် သင်တို့အဖို့ မည်သည့်ဝေစု၊ မည်သည့်အခွင့်အရေး၊ မည်သည့်အမှတ်ရစရာမျှ မရှိ”ဟု ဆိုလေ၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
အို ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့၊ ထာဝရဘုရားသည် သင်တို့နှင့်ငါတို့ကြား၌ ဂျော်ဒန်မြစ်ကို နယ်နိမိတ်အဖြစ်ခြားထားတော်မူပြီ။ ထာဝရဘုရားထံ၌ သင်တို့အဖို့ဝေစုမရှိ’ဟု ဆိုလျက် သင်တို့၏သားမြေးတို့က ငါတို့၏သားမြေးတို့အား ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းမရှိအောင် ပြုကြမည်ကို ငါတို့စိုးရိမ်သောကြောင့် ဤအမှုကို ပြုခြင်းဖြစ်၏။