တမန်တော်ဝတ္ထု 7:41 - မြန်မာ့စံမီသမ္မာကျမ်း41 ဤသို့ဖြင့် သူတို့သည် ထိုနေ့ရက်များ၌ နွားသငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုထံသို့ ယဇ်ကိုယူဆောင်လာကာ မိမိတို့လက်ဖြင့်ပြုလုပ်သောအရာ၌ ပျော်မွေ့နေကြ၏။ Ver CapítuloCommon Language Bible41 ထိုနောက်သူတို့သည်နွားသူငယ်ရုပ်တုကို သွန်းလုပ်၍ မိမိတို့လက်နှင့်လုပ်သောထိုရုပ်တု အားယဇ်ပူဇော်ကာပျော်ပွဲရွှင်ပွဲကိုကျင်းပ ကြကုန်၏။- Ver CapítuloGarrad Bible41 ထို နေ့ ရက် ကာ လ နွား ရုပ် ပုံ ကို လုပ်၍ ပူ ဇော် သ က္ကာ သွင်း ဆက် ပြီး လျှင် ကိုယ့် လက် ဖြစ် ကြောင့် ရွှင် လန်း ကြ၏။ Ver CapítuloJudson Bible41 ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့် လုပ်သောအရာ၌ပင် ပျော်မွေ့ကြ၏။ အနာဂတ္တိကျမ်း၌ လာသည်ကား၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း41 ထိုနေ့ရက်များ၌ သူတို့သည် နွားသငယ်ကဲ့သို့သော ရုပ်တုကို သွန်းလုပ်ကြပြီး မိမိတို့ဖန်တီးထားသော ထိုရုပ်တုအား ပူဇော်ပသ၍ ပွဲလုပ်ကြ၏။ Ver Capítulo |
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။