တမန်တော်ဝတ္ထု 7:25 - မြန်မာ့စံမီသမ္မာကျမ်း25 မောရှေက သူ့လက်ဖြင့် သူ၏ညီအစ်ကိုတို့အား လွတ်မြောက်ခြင်းကို ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း သူတို့နားလည်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့သည်နားမလည်ခဲ့ကြပေ။ Ver CapítuloCommon Language Bible25 (မောရှေသည်ဣသရေလအမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် မိမိအားဘုရား သခင်စေလွှတ်တော်မူခဲ့ကြောင်းကို သူတို့ သိရှိနားလည်ကြလိမ့်မည်ဟုထင်မှတ်ခဲ့ ၏။ သို့ရာတွင်ထိုသူတို့သည်နားမလည် ကြ။)- Ver CapítuloGarrad Bible25 ကိုယ့် လက် ဖြင့် ဘေး လွတ် ခွင့် ကို ဘု ရား သ ခင် သ နား တော် မူ ကြောင်း ဆွေ မျိုး သား ချင်း တို့ နား လည် ကြ မည် ဟု မော ရှေ အောက် မေ့ သော် လည်း နား မ လည် ကြ သည် နှင့်၊ Ver CapítuloJudson Bible25 ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နုတ်တော်မူမည်အရာကို ညီအစ်ကိုတို့သည် နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း25 မိမိအားဖြင့် မိမိလူမျိုးကို ဘုရားသခင်ကယ်တင်မည်ဖြစ်ကြောင်း မိမိလူမျိုးတို့နားလည်ကြမည်ဟု မောရှေထင်မှတ်ခဲ့၏။ သို့သော် သူတို့သည် နားမလည်ကြပေ။ Ver Capítulo |
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။