တမန်တော်ဝတ္ထု 6:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့ပြင် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများနှင့် လူထုများကို လှုံ့ဆော်၍ သူ့ကိုဝင်ရောက်ဖမ်းဆီးကာ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။ Ver CapítuloCommon Language Bible12 ဤနည်းအားဖြင့်သူတို့သည်လူများ၊ ဘာသာ ရေးခေါင်းဆောင်များနှင့်ကျမ်းတတ်ဆရာများ အားနှိုးဆွပေးကြ၏။ သူတို့သည်သူ့ကို ဖမ်းဆီး၍တရားလွှတ်တော်သို့ပို့ကြ၏။- Ver CapítuloGarrad Bible12 ပြည် သူ ပြည် သား လူ ကြီး နှင့် ကျမ်း တတ် ဆ ရာ တို့ ကို ထ ကြွ စေ ပြီး လျှင်၊ သ တေ ဖန် ကို လာ ရောက် ဖမ်း ဆီး လျက် လွှတ် တော် သို့ ခေါ် သွင်း ကြ ၏။ Ver CapítuloJudson Bible12 လူများကိုလည်းကောင်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာတို့ကိုလည်းကောင်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဖမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း12 သူတို့သည် လူများကိုလည်းကောင်း၊ အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများကိုလည်းကောင်း သွေးထိုးကြပြီးနောက် သတေဖန်အား ဖမ်းဆီး၍ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။ Ver Capítulo |