တမန်တော်ဝတ္ထု 5:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုခဏချင်းတွင် သူသည် ပေတရု၏ခြေရင်း၌ လဲ၍သေဆုံးလေ၏။ လူငယ်များသည်လည်း ဝင်လာ၍ သေဆုံးနေသောထိုအမျိုးသမီးကိုတွေ့လျှင် သယ်ဆောင်သွားကာ သူ၏ခင်ပွန်းအနား၌ သင်္ဂြိုဟ်ကြ၏။ Ver CapítuloCommon Language Bible10 ချက်ချင်းပင်ထိုအမျိုးသမီးသည် ပေတရု ၏ခြေရင်းတွင်လဲကျသေဆုံးလေ၏။ လူ ငယ်လူရွယ်တို့ရောက်လာကြသောအခါ ထိုအမျိုးသမီးသေဆုံးနေသည်ကိုတွေ့ ရ၏။ ရုပ်အလောင်းကိုထုတ်ယူပြီးလျှင် ခင်ပွန်းဖြစ်သူ၏အနီးတွင်သင်္ဂြိုဟ်ကြ၏။- Ver CapítuloGarrad Bible10 ပေ တ ရု ခြေ ရင်း တွင် ထို မိန်း မ လဲ သေ လေ၏။ ထို မိန်း မ သေ ပြီး သည် ကို လူ ငယ် တို့ ဝင် ရောက် တွေ့ မြင်၍ ထမ်း သွား ပြီး လျှင် လင် နှင့် ယှဉ် လျက် သင်္ဂြိုဟ် ကြ၏။ Ver CapítuloJudson Bible10 ထိုမိန်းမသည် ပေတရု၏ခြေရင်း၌ လဲ၍သေလေ၏။ လုလင်တို့သည်လည်း ဝင်၍ ထိုမိန်းမသေသည်ကိုတွေ့လျှင်၊ ဆောင်သွား၍သူ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ချက်ချင်းပင် သူသည် ပေတရု၏ခြေရင်းတွင် လဲကျ၍ သေဆုံးလေ၏။ လူငယ်တို့ ဝင်လာကြသောအခါ ထိုအမျိုးသမီးသေဆုံးနေသည်ကို တွေ့ကြသဖြင့် သူ့ကို သယ်ဆောင်သွား၍ သူ၏ခင်ပွန်းနံဘေးတွင် သင်္ဂြိုဟ်ကြ၏။ Ver Capítulo |