Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 4:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို​သူ​တို့​သည်​လည်း ကြား​ကြ​လျှင် တညီတညွတ်တည်း​ဖြင့် ဘုရားသခင်​ထံ အသံ​ကို​လွှင့်​၍ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​သည် ကောင်းကင်၊ မြေကြီး​နှင့် ပင်လယ်​သမုဒ္ဒရာ​မှစ၍ ၎င်း​တို့​၌​ရှိသမျှ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ဖြစ်​ပါ​၏။

Ver Capítulo Copiar

Common Language Bible

24 ထို​အ​ကြောင်း​ကို​ကြား​ကြ​သော​အ​ခါ ထို​သူ တို့​သည်​တ​ညီ​တ​ညွတ်​တည်း​ဆု​တောင်း​ကြ​၏။ ``အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင် သည်​ကောင်း​ကင်​မြေ​ကြီး၊ သ​မုဒ္ဒ​ရာ​နှင့်​ထို အ​ရပ်​များ​တွင်​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-

Ver Capítulo Copiar

Garrad Bible

24 ကြား ရ သူ တို့ သည် ဘု ရား သ ခင့် ထံ တ ညီ တ ညွတ် တည်း ဟစ် ကြ သည် မှာ အို သ ခင် ဘု ရား၊ ကိုယ် တော် သည် မိုး မြေ ရေ နှင့် ပါ ရှိ သ မျှ ကို ဖန် ဆင်း တော် မူ သော ဘု ရား သ ခင် ပေ တည်း။

Ver Capítulo Copiar

Judson Bible

24 ထို​သူ​များ​တို့​သည်​ကြား​ရ​လျှင်၊ တ​ညီ​တ​ညွတ်​တည်း ဘု​ရား​သ​ခင့်​ထံ​သို့​အ​သံ​ကို​လွှင့်​လျက်၊ အ​စိုး​ရ​တော်​မူ​သေ​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍ ထို​အ​ရပ်​တို့၌ ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို​အကြောင်းအရာ​ကို ကြားသော​အခါ သူတို့​က “ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ထို​အရပ်တို့​၌ ရှိသမျှသော​အရာများ​ကို ဖန်ဆင်းတော်မူ​၍ အရာ​အားလုံး​ကို အုပ်စိုးတော်မူသော​ဘုရားသခင်…

Ver Capítulo Copiar




တမန်တော်ဝတ္ထု 4:24
20 Referencias Cruzadas  

ထို့နောက် ထာဝရဘုရား​ရှေ့​တော်​တွင် ဟေဇကိ​မင်းကြီး​က “​ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။


အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ထာဝရဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိုးကောင်းကင်​၊ အမြင့်ဆုံးသောကောင်းကင်​နှင့်​ကောင်းကင်တန်ဆာ​အားလုံး​၊ မြေကြီး​နှင့်​မြေကြီး​တန်ဆာ​အားလုံး​၊ ပင်လယ်​နှင့်​ပင်လယ်တန်ဆာ​အားလုံး​ကို ဖန်ဆင်း​တော်မူ​၍ ထို​အရာ​အားလုံး​ကို​လည်း အသက်ရှင်​စေ​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​ပါ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ခြောက်​ရက်​ပတ်လုံး​ဖန်ဆင်း​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ဥပုသ်နေ့​ကို ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။


ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။


ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် နွမ်းပါး​သူ​၏​အသက်​ကို ဆိုးညစ်​သူ​လက်​မှ ကယ်နုတ်​တော်မူ​၏​။


‘အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမား​သော​တန်ခိုး​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ပြီ​။ ကိုယ်တော်​အတွက် ခက်ခဲလွန်း​သော​အမှု​တစ်စုံတစ်ခု​မျှ​မ​ရှိ​ပေ​။


“မိတ်ဆွေ​တို့၊ အဘယ်ကြောင့် ဤ​အရာ​တို့​ကို ပြု​ကြ​သနည်း။ ငါ​တို့​သည်​လည်း သင်​တို့​နည်းတူ သာမန်​လူသား​များ​ဖြစ်​ကြ​ပြီး သင်​တို့​သည် ဤ​အချည်းနှီး​သော​အရာ​များ​ကို​စွန့်ခွာ​၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော အသက်ရှင်​သည့်​ဘုရားသခင်​ထံသို့ ပြောင်းလဲ​ကြ​ရန် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏။


သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။


တမန်တော်​တို့​သည် လွတ်​လာ​ကြ​သောအခါ မိမိ​တို့​အပေါင်းအဖော်​များ​ရှိ​ရာ​သို့ ပြန်လာ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​က မိမိ​တို့​အား​ပြော​သမျှ​တို့​ကို ပြန်ပြောပြ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos