တမန်တော်ဝတ္ထု 28:31 - မြန်မာ့စံမီသမ္မာကျမ်း31 မည်သည့်အတားအဆီးမျှမရှိဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ရဲရင့်ခြင်းအပြည့်အဝဖြင့် ဟောပြောကာ သခင်ယေရှုခရစ်တော်၏အကြောင်းများကို သွန်သင်လေ၏။ Ver CapítuloCommon Language Bible31 ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟော ပြော၍ သခင်ယေရှု၏အကြောင်းတော်ကို အဆီးအတားမရှိဘဲရဲရင့်စွာဟောပြော သွန်သင်လျက်နေ၏။ ရှင်လုကာစီရင်ရေးသားသောတမန်တော် ဝတ္ထုပြီး၏။ Ver CapítuloJudson Bible31 အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို အတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။ ရှင်လုကာစီရင်ရေးထားသောတမန်တော်ဝတ္ထုပြီး၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း31 ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းနှင့် သခင်ယေရှုခရစ်တော်အကြောင်းကို အတားအဆီးမရှိဘဲ ရဲရင့်စွာဟောပြောသွန်သင်လျက် နေလေ၏။ ရှင်လုကာရေးသားထားသော တမန်တော်ဝတ္ထု ပြီးပါပြီ။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။