တမန်တော်ဝတ္ထု 27:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထိုဆိပ်ကမ်းသည်လည်း ဆောင်းခိုရန်မသင့်လျော်သောဆိပ်ကမ်းဖြစ်သောကြောင့် အများစုက ထိုဆိပ်ကမ်းမှရွက်လွှင့်ပြီး ဖြစ်နိုင်လျှင် အနောက်တောင်နှင့် အနောက်မြောက်သို့မျက်နှာမူသည့် ကရေတေကျွန်း၏ဖိနိတ်ဆိပ်ကမ်းသို့ တစ်နည်းနည်းဖြင့်သွား၍ ဆောင်းခိုမည်ဟု ဆုံးဖြတ်ကြ၏။ Ver CapítuloCommon Language Bible12 ဤဆိပ်ကမ်းတွင်ဆောင်းကာလပတ်လုံးရပ်နား ရန်မသင့်သဖြင့် လူများစုကဤဆိပ်ကမ်းမှ ထွက်ခွာပြီးလျှင် ဖြစ်နိုင်ပါကဖိနိတ်မြို့သို့ ရောက်အောင်သွား၍ဆောင်းရာသီအတွက်ရပ် နားလိုကြ၏။ ဖိနိတ်ဆိပ်ကမ်းကားကရေတေ ကျွန်းတွင်ရှိ၍ အနောက်တောင်နှင့်အနောက် မြောက်သို့မျက်နှာမူလျက်ရှိသတည်း။ Ver CapítuloGarrad Bible12 အ များ က လည်း ဆောင်း ခို ရန် ထို ဆိပ် ကမ်း မ သာ သော ကြောင့် အ နောက် မြောက် နှင့် အ နောက် တောင် သို့ မျက် နှာ မူ သော က ရေ တေ ကျွန်း ရှိ ဖိ နိတ် မြို့ ဆိပ် ကမ်း သို့ ရောက် နိုင် လျှင် လွှင့် ပြန်၍ ဆောင်း ခို ရန် အ ကြံ ပေး ကြ သည့် အ လျောက်၊ Ver CapítuloJudson Bible12 ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့်သောကြောင့် တစ်ဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မီနိုင်လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော် သာ၍ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ်ဆိပ်ကား ကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့လည်းကောင်း၊ အနောက်တောင်သို့လည်းကောင်း မျက်နှာပြု၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထိုဆိပ်ကမ်းသည် ဆောင်းခိုရန်မသင့်လျော်သဖြင့် ထိုနေရာမှခွာကာ ဖြစ်နိုင်ပါက ဖိနိတ်မြို့သို့ရောက်ရှိ၍ ဖိနိတ်ဆိပ်ကမ်းတွင် ဆောင်းခိုနိုင်ရန်အတွက် လူအများစုက အကြံပြုကြ၏။ ထိုဆိပ်ကမ်းသည် ကရေတေကျွန်းရှိဆိပ်ကမ်းဖြစ်ပြီး အနောက်တောင်နှင့် အနောက်မြောက်ဘက်သို့ မျက်နှာမူလျက်ရှိ၏။ Ver Capítulo |