Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 23:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့နောက် အော်ဟစ်​သံ​များ ကျယ်လောင်​လာ​ပြီး ဖာရိရှဲ​တို့​အဖွဲ့​မှ ကျမ်းပြု​ဆရာ​အချို့​တို့​သည်​ထ​၍ “ဤ​သူ​၌ မည်သည့်​အပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ ဝိညာဉ်​၊ သို့မဟုတ် ကောင်းကင်​တမန်​တစ်ပါးပါး​က သူ့​အား​မြွက်ဆို​ခဲ့​သည်​ဆိုလျှင် မည်သို့​နည်း”​ဟု ပြင်းထန်​စွာ​ငြင်းခုံ​ပြောဆို​ကြ​၏။

Ver Capítulo Copiar

Common Language Bible

9 သူ​တို့​ဟစ်​အော်​ပြော​ဆို​မှု​သည်​ပို​မို​ကျယ် လောင်​လာ​တော့​၏။ ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ် ဆ​ရာ​အ​ချို့​တို့​သည်​ထ​၍ ``ဤ​သူ​၌​အ​ဘယ် အ​ပြစ်​ကို​မျှ​ငါ​တို့​မ​တွေ့။ ဝိ​ညာဉ်​တစ်​ပါး က​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တစ် ပါး​က​သော်​လည်း​ကောင်း​သူ့​အား​မြွက်​ဆို ကောင်း​မြွက်​ဆို​ခဲ့​လိမ့်​မည်'' ဟု​ငြင်း​ခုံ​ပြော ဆို​ကြ​၏။

Ver Capítulo Copiar

Garrad Bible

9 သို့ ဖြစ်၍ ကြီး စွာ သော ဆူ ညံ ခြင်း ဖြစ် ပွား သ ဖြင့် ဖာ ရိ ရှဲ ဂိုဏ်း ပါ ကျမ်း တတ် ဆ ရာ အ ချို့ ထ ပြီး လျှင် ဤ သူ၌ ပြစ် မှု ကို ငါ တို့ မ တွေ့။ နံ ဝိ ညာဉ် ဖြစ် စေ၊ စေ တ မန် တော် ဖြစ် စေ၊ သူ့ အား မြွက် ဆို ခဲ့ လျှင် အ သို့ နည်း ဟု ဘက် ပြိုင် ပြော ဆို ကြ၏။

Ver Capítulo Copiar

Judson Bible

9 အော်​ဟစ်​သံ​များ၍၊ ဖာ​ရိ​ရှဲ​တို့​ဘက်၌​နေ​သော ကျမ်း​ဆ​ရာ​တို့​သည် ထ​လျက် ပြင်း​စွာ​ငြင်း​ခုံ၍၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ နာမ်​ဝိ​ညာဉ်​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​သော်​လည်း​ကောင်း သူ့​ကို​ပြော​လျှင်၊ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို မ​ဆန်​ကြ​နှင့်​ဟု ဆို​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ဆူညံအော်ဟစ်သံများ​ကျယ်လောင်လာ​သဖြင့် ဖာရိရှဲ​အဖွဲ့ဝင် ကျမ်းတတ်ဆရာ​တချို့​က ထ​၍ “ဤ​လူ​နှင့်​ပတ်သက်​၍ မှားယွင်းသော​အရာ တစ်စုံတစ်ခု​မှ​မတွေ့ပါ။ ဝိညာဉ်​တစ်ပါး၊ သို့မဟုတ် ကောင်းကင်တမန်​တစ်ပါး​က သူ့​ကို​စကားပြောခြင်း​လည်း ဖြစ်ကောင်း​ဖြစ်နိုင်သည်” ဟု ပြင်းထန်​စွာ ငြင်းခုံပြောဆိုကြ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 23:9
23 Referencias Cruzadas  

လူ​တစ်ဦး​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​နှစ်သက်​တော်မူ​သောအခါ ထို​သူ​၏​ရန်သူ​များ​ကို​ပင် သူ​နှင့်​သင့်မြတ်​စေ​တော်မူ​၏​။


ထိုအခါ မှူးမတ်​တို့​နှင့် ပြည်သူပြည်သား​တို့​က ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​ဤ​သူ​သည် ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ငါ​တို့​အား ဟောပြော​သည်​ဖြစ်၍ သေဒဏ်​မ​ခံထိုက်​ပါ​”​ဟု ဆို​ကြ​၏​။


ကိုယ်တော်​သည် အပြစ်သား​များ၊ အခွန်​ကောက်ခံ​သူ​များ​နှင့်အတူ စားသောက်​လျက်​နေ​သည်​ကို ဖာရိရှဲ​တို့​ထဲမှ ကျမ်းပြု​ဆရာ​များ​မြင်​လျှင် “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု တပည့်​တော်​တို့​အား မေးမြန်း​ကြ​၏။


ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ ဤ​သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အပြစ်​ကို​မ​တွေ့။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု တတိယ​အကြိမ် သူ​တို့​အား ဆို​လေ​၏။


ထိုအခါ ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ပရိသတ်​တို့​အား “ဤ​သူ​၌ အပြစ်​တစ်စုံတစ်ခု​ကို​မျှ ငါ​မ​တွေ့”​ဟု ဆို​၏။


ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။


အနီးနား​၌​ရပ်​နေ​၍ ထို​အသံ​ကို​ကြား​ကြ​သော လူထု​ပရိသတ်​တို့​က “မိုးချုန်း​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “ကောင်းကင်တမန်​က သူ့​ကို​မြွက်ဆို​သည်”​ဟု ဆို​ကြ​၏။


ဤသို့ဖြင့် ဘုရားသခင်​သည် သခင်​ယေရှု​ခရစ်တော်​ကို​ယုံကြည်​သော​ငါ​တို့​အား ပေး​တော်မူ​သကဲ့သို့ ထို​သူ​တို့​ကို​လည်း တူညီ​သော​ကောင်းချီး​လက်ဆောင်​ကို ပေး​တော်မူ​လျှင် ငါ​သည် မည်သို့​သော​သူ​ဖြစ်​၍ ဘုရားသခင်​ကို တားဆီး​နိုင်​မည်နည်း”​ဟု ဆို​လေ​၏။


သို့သော် အကျွန်ုပ်​ခရီးသွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့​ရောက်​သောအခါ မွန်းတည့်​ချိန်​ခန့်​၌ ကောင်းကင်​မှ အလွန်​တောက်ပ​သော​အလင်း​သည် အကျွန်ုပ်​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​ခဲ့​ပါ​သည်။


ထိုအခါ အကျွန်ုပ်​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ‘ရှောလု၊ ရှောလု၊ သင်​သည် အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း’​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို ကြား​ရ​ပါ​သည်။


သူ​သည် သူ​တို့​၏​ပညတ်​တရား​နှင့်ဆိုင်သော​ပြဿနာ​များ​အတွက် စွဲဆို​ခံ​နေ​ရ​ခြင်း​ဖြစ်​ပြီး သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အပြစ်​မ​ရှိ​ကြောင်း အကျွန်ုပ်​တွေ့​ရ​ပါ​သည်။


အကြောင်းမူကား ဇဒ္ဒုကဲ​တို့​သည် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ၊ ကောင်းကင်​တမန်​နှင့်​ဝိညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ ဖာရိရှဲ​တို့​မူကား ဤ​အရာ​အားလုံး​ရှိ​သည်​ဟု​ခံယူ​ကြ​၏။


သို့ရာတွင် သူ​သည် သေဒဏ်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ကြောင်း အကျွန်ုပ်​သတိထား​မိ​ပါ​သည်။ သို့သော် သူ​ကိုယ်တိုင် ဧကရာဇ်​မင်း​ထံ အယူခံဝင်​မည်​ဟု​ဆို​သဖြင့် သူ့​ကို​ပို့ပေး​ရန် အကျွန်ုပ်​ဆုံးဖြတ်​ထား​ပါ​သည်။


သူ​တို့​သည် ထွက်ခွာ​သွား​ပြီးနောက် “ဤ​သူ​သည် သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​မျှ မ​ပြု​ခဲ့​ပါ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် အကျွန်ုပ်​ကို​ပိုင်သ​တော်မူ​သည့် အကျွန်ုပ်​ဝတ်ပြု​သော​ဘုရားသခင်​၏​ကောင်းကင်​တမန်​သည် လွန်​ခဲ့​သော​ည​က အကျွန်ုပ်​အနီး၌​ရပ်​လျက်


သို့သော် ဘုရားသခင်​ထံမှ​ဖြစ်​လျှင် သူ​တို့​ကို​ဖျက်ဆီး​၍​မ​ရ​နိုင်​သည်​သာမက သင်​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​သူ​များ​ဖြစ်သွား​နိုင်​၏”​ဟု ပြောဆို​လေ​၏။ ထို​သူ​တို့​သည်​လည်း သူ​၏​အကြံပေး​ချက်​ကို လက်ခံ​ကြ​၏။


သူ​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း”​ဟု သူ့​အား​ပြော​သော​အသံ​ကို​ကြား​ရ​၏။


ငါ​တို့​သည် သခင်​ဘုရား​အား သဝန်တို​စေ​ကြ​သလော။ ငါ​တို့​သည် ကိုယ်တော်​ထက် ခွန်အားကြီး​ကြ​သလော။


ရှမွေလ​က​လည်း “​သင်​တို့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ရာ​မျှ မ​ယူ​ခဲ့​ကြောင်း ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ ယနေ့ ကိုယ်တော်​၏​ဘိသိက်ခံ​သူ​လည်း သက်သေ​ဖြစ်​၏​”​ဟု ဆို​လျှင် သူ​တို့​က​လည်း “​သက်သေ​ဖြစ်​ပါ​၏​”​ဟု ဆို​ကြ​၏​။


ထို့နောက် ဒါဝိဒ်​အား “​သင်​သည် ငါ့​ထက် သာ၍​ဖြောင့်မတ်​ပါ​၏​။ ငါ​သည် သင့်​ကို မကောင်း​ကြံ​ခဲ့​သော်လည်း သင်​မူကား ငါ့​ကို ကောင်းမွန်​စွာ​ဆက်ဆံ​ခဲ့​ပြီ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos