တမန်တော်ဝတ္ထု 23:35 - မြန်မာ့စံမီသမ္မာကျမ်း35 “သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။ Ver CapítuloCommon Language Bible35 ဘုရင်ခံမင်းက ``ဤအရပ်သို့သင်၏တရား လိုများရောက်ရှိလာကြသောအခါ သင်၏ အမှုကိုငါစစ်ဆေးမည်'' ဟုဆို၏။ ထိုနောက် ပေါလုအားဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့ သောနန်းတော်တွင်အစောင့်အကြပ်နှင့်ထား ရန်အမိန့်ပေးလေသည်။ Ver CapítuloGarrad Bible35 စွဲ ဆို သူ တို့ ရောက် လာ မှ သင့် အ မှု ကို ငါ စစ် ဆေး မည် ဟု ဆို လျက် ပေါ လု ကို ဟေ ရုဒ် မင်း နန်း တော် ဟောင်း တွင် အ စောင့် အ ကြပ် နှင့် ထား စေ ရန် အ မိန့် ရှိ ၏။ Ver CapítuloJudson Bible35 သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း35 “သင့်ကို စွပ်စွဲသူများရောက်လာသောအခါ သင်၏အမှုကို ငါကြားနာမည်” ဟု ဆို၏။ ထို့နောက် ဘုရင်ခံသည် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်၌ စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။ Ver Capítulo |
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။