Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 20:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 တဆေးမဲ့​မုန့်​ပွဲတော်​နေ့​များ​လွန်​သောအခါ ငါ​တို့​သည် ဖိလိပ္ပိ​မြို့​မှ ရွက်လွှင့်​၍ ငါး​ရက်​အတွင်း တရော​မြို့​၌​ရှိ​သော​ထို​သူ​တို့​ထံသို့ ရောက်​ပြီးလျှင် ထို​မြို့​တွင် ခုနစ်​ရက်​နေ​ကြ​၏။

Ver Capítulo Copiar

Common Language Bible

6 ကျွန်ုပ်​တို့​မူ​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​လွန်​သော အ​ခါ ဖိ​လိပ္ပု​မြို့​မှ​သင်္ဘော​လွှင့်​၍​လာ​ရာ​ငါး ရက်​ကြာ​သော် သူ​တို့​ရှိ​ရာ​တ​ရော​မြို့​သို့ ရောက်​၍​ထို​မြို့​တွင်​ခု​နစ်​ရက်​မျှ​နေ​ကြ​၏။

Ver Capítulo Copiar

Garrad Bible

6 တ ဆေး မဲ့ မုန့် ပွဲ အ ခါ လွန် သည့် နောက် ငါ တို့ လည်း ဖိ လိ ပ္ပိ မြို့ မှ သင်္ဘော စီး လျက် ထို သူ တို့ ရှိ ရာ တ ရော မြို့ သို့ ငါး ရက် နှင့် ရောက်၍ ခု နစ် ရက် နေ ထိုင် ကြ၏။

Ver Capítulo Copiar

Judson Bible

6 အ​ဇု​မ​ပွဲ​နေ့​ရက်​လွန်​ပြီး​မှ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့​မှ သင်္ဘော​နှင့်​လွှင့်၍ ငါး​ရက်​အ​တွင်း​တွင် သူ​တို့​ရှိ​ရာ တ​ရော​မြို့​သို့​ရောက်၍ ခု​နစ်​ရက် နေ​ကြ၏။

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ကျွန်ုပ်တို့​သည် တဆေးမဲ့​မုန့်ပွဲတော်​ရက်များ ပြီးသည့်​နောက် ဖိလိပ္ပိမြို့​မှ သင်္ဘော​စီး​၍ ငါးရက်​ကြာလျှင် တရောမြို့​သို့ ဆိုက်ရောက်ကြ၏။ ထို​မြို့​တွင် ခုနစ်ရက်​နေထိုင်ကြ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 20:6
18 Referencias Cruzadas  

တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။


တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။


ထို​အမှု​ကို ဂျူး​လူမျိုး​တို့ နှစ်သက်​ကြ​ကြောင်း​တွေ့မြင်​လျှင် တစ်ဖန် ထပ်၍ ပေတရု​ကို​လည်း​ဖမ်းဆီး​ရန် စီစဉ်​လေ​၏။ ထိုအချိန်​သည် တဆေးမဲ့​မုန့်​ပွဲတော်​အချိန်​ဖြစ်​၏။


ထို​ရူပါရုံ​ကို ပေါလု​မြင်​ရ​သောအခါ သူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ဘုရားသခင်​သည် ငါ​တို့​ကို ခေါ်​တော်မူ​ပြီ​ဟု ကောက်ချက်​ချ​၍ ချက်ချင်း​ပင် မာကေဒေါနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​၏။


ထို​မြို့​မှ​တစ်ဆင့် ဖိလိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိလိပ္ပိ​မြို့​သည် မာကေဒေါနိ​ပြည်​၏​ထို​အပိုင်း​တွင် အဓိက​မြို့​ဖြစ်​ပြီး ရောမ​လက်အောက်ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အတန်ကြာ​နေ​ကြ​၏။


ထို့ကြောင့် သူ​တို့​သည် မုသိ​ပြည်​ကို​ဖြတ်​၍ တရော​မြို့​သို့ ဆင်းသွား​ကြ​၏။


ဤသို့​ခရီး​ပြု​ခြင်းမှာ ပေါလု​သည် အာရှ​ပြည်​တွင် အချိန်​မ​ကုန်​စေရန် ဧဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်လွှင့်​သွား​မည်​ဟု ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်နိုင်​လျှင် ပင်တေကုတ္တေ​ပွဲ​နေ့​တွင် ဂျေရုဆလင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်၍ ခရီး​ကို​လျင်မြန်​စွာ​ပြု​နေ​၏။


သူ​တို့​သည် ဦးစွာ​သွား​နှင့်​ပြီး တရော​မြို့​တွင် ငါ​တို့​ကို​စောင့်​နေ​ကြ​၏။


ငါ​တို့​သည် တပည့်​တော်​တို့​ကို​တွေ့​၍ ထို​အရပ်​၌ ခုနစ်​ရက်​နေ​ကြ​၏။ သူ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် ဝိညာဉ်​တော်​အားဖြင့် ပြော​ကြ​၏။


နောက်တစ်နေ့​တွင် ထွက်ခွာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​ပြီးလျှင် ရွေးကောက်​ခံရ​သူ​ခုနစ်​ဦး​ထဲမှ တစ်​ဦး​ဖြစ်​သည့်​ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ ဖိလိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ၌​တည်းခို​ကြ​၏။


ထို​မြို့​တွင် ညီအစ်ကို​တို့​ကို​တွေ့ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခုနစ်​ရက်​ခန့်​နေထိုင်​ရန် ဖိတ်ခေါ်​ကြ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ရောမ​မြို့​သို့​ရောက်လာ​ကြ​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး​များ​ဖြစ်​ကြ​သော ငါ​ပေါလု​နှင့်​တိမောသေ​တို့​သည် ဖိလိပ္ပိ​မြို့​၌​နေ​ကြ​သော ကြီးကြပ်​သူ​များ၊ သင်းထောက်​များ​နှင့်တကွ ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် ဦးစွာ ဖိလိပ္ပိ​မြို့​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျက် နှိပ်စက်​ခြင်း​ကို​ခံရ​သော်လည်း ကြီးစွာ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​ထဲတွင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၏​ဘုရားသခင်​အားဖြင့် သင်​တို့​အား ရဲရင့်​စွာ​ဟောပြော​ကြ​၏။


သင်​လာ​သောအခါ တရော​မြို့​တွင် ကာပု​ထံ၌ ငါ​ထားခဲ့​သည့် ဝတ်လုံ​နှင့်တကွ စာလိပ်​များ အထူးသဖြင့် သားရေ​ပုရပိုက်​များ​ကို ယူ​ခဲ့​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos