တမန်တော်ဝတ္ထု 17:2 - မြန်မာ့စံမီသမ္မာကျမ်း2 ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ထံသို့ဝင်၍ ဥပုသ်နေ့သုံးကြိမ်တိုင်တိုင် ကျမ်းစာကိုအမှီပြုလျက် သူတို့နှင့်ဆွေးနွေးပြောဆိုကာ Ver CapítuloCommon Language Bible2 ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။- Ver CapítuloGarrad Bible2 ပေါ လု သည် ဓ လေ့ အ တိုင်း ထို သူ တို့ ထံ ဝင် လျက် ဥ ပုသ် သုံး သိ တင်း ကျမ်း ကို ဆွေး နွေး ရာ၊ Ver CapítuloJudson Bible2 ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုဇရပ်သို့ ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း2 ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုဆောင်သို့သွား၍ ဥပုသ်နေ့သုံးရက်တိုင် ကျမ်းစာကိုအမှီပြုကာ ထိုသူတို့နှင့်အတူ ဆွေးနွေးပြောဆို၏။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။