တမန်တော်ဝတ္ထု 16:23 - မြန်မာ့စံမီသမ္မာကျမ်း23 သူတို့ကို အချက်ပေါင်းများစွာရိုက်နှက်စေပြီးလျှင် ထောင်ထဲ၌ထည့်ထားကာ သူတို့ကို သေချာစွာစောင့်ကြပ်ထားရန် ထောင်မှူးအား အမိန့်ပေးကြ၏။ Ver CapítuloCommon Language Bible23 စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊- Ver CapítuloGarrad Bible23 ချက် ရေ များ စွာ ရိုက် ခြင်း၊ ထောင် ချ ခြင်း ပြု ပြီး နောက် လုံ ခြုံ စွာ စောင့် ကြပ် ရန် ထောင် မှူး အား မှာ ထား ကြ၏။ Ver CapítuloJudson Bible23 ရိုက်၍ ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာစောင့်စေဟု ထောင်မှူးကိုမှာလိုက်၍ ထောင်ထဲမှာ လှောင်ထားကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း23 ပေါလုနှင့် သိလတို့ကို ပြင်းထန်စွာ ကြိမ်ဒဏ်ပေးပြီးနောက် ထောင်ထဲသို့ပို့၍ သေချာစွာ ချုပ်နှောင်ထားရန် ထောင်မှူးအားအမိန့်ပေးကြ၏။ Ver Capítulo |
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။