Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 15:41 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 သူ​သည် ဆီးရီးယား​ပြည်​နှင့်​ဆီလီဆီးယား​ပြည်​တို့​ကို လှည့်လည်​၍ အသင်းတော်​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။

Ver Capítulo Copiar

Common Language Bible

41 ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။

Ver Capítulo Copiar

Garrad Bible

41 ရှု ရိ နှင့် ကိ လိ ကိ ပြည် တစ် လျှောက် လျှောက် လျက်၊ အ သင်း တော် တို့ ကို တည် ကြည် စေ ပြီး နောက်၊

Ver Capítulo Copiar

Judson Bible

41 အ​သင်း​တော်​များ​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​လျက်၊ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​တို့​ကို လျှောက်​သွား​လေ၏။

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 ပေါလု​သည် ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​တို့​ကို ဖြတ်သွား​၍ အသင်းတော်များ​ကို ကြံ့ခိုင်စေ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 15:41
8 Referencias Cruzadas  

ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ထို​သူ​တို့​မှတစ်ဆင့်​ပေး​လိုက်​သော စာ​၌​ကား “တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ဖြစ်​ကြ​သော ညီအစ်ကို​တို့​သည် အန္တိအုတ်​မြို့၊ ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​ရှိ လူမျိုးခြား​ထဲမှ ညီအစ်ကို​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။


ယုဒ​နှင့်​သိလ​တို့​ကိုယ်တိုင်​သည်​လည်း ပရောဖက်​များ​ဖြစ်​ကြ​သောကြောင့် များစွာ​သော​စကား​တို့​ဖြင့် ညီအစ်ကို​တို့​ကို တိုက်တွန်း​နှိုးဆော်​လျက် ခိုင်ခံ့​မြဲမြံ​စေ​ကြ​၏။


ထို့နောက် ပေါလု​သည် ရက်​ပေါင်း​များစွာ​ဆက်​၍​နေ​ပြီးမှ ညီအစ်ကို​များ​ကို​နှုတ်ဆက်​ကာ ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​သွား​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်​ပါ​ကြ​၏။ ပေါလု​သည် အဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်၍ ရွက်​မ​လွှင့်​မီ ကင်ခြေ​မြို့​တွင် မိမိ​ဦးခေါင်း​ကို​ရိတ်​လေ​၏။


ဆိုက်ပရပ်​ကျွန်း​ကို​မြင်​ကြ​သောအခါ ထို​ကျွန်း​ကို လက်ဝဲ​ဘက်​မှ​ဖြတ်ကျော်​လျက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်ရာ​မြို့​၌ ကုန်ပစ္စည်း​ချ​ရန်​ရှိ​သောကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။


ထိုအခါ “လိဗေရတိန်​”​ဟု အမည်တွင်​သည့် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ လူ​အချို့​ဖြစ်​ကြ​သော ကုရေနေ​မြို့သား​များ၊ အလက်ဇန္ဒြိယ​မြို့သား​များ​မှစ၍ ဆီလီဆီးယား​ပြည်​နှင့် အာရှ​ပြည်​တို့​မှ​လာ​သော​သူ​တို့​သည် ထ​၍ သတေဖန်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​၏။


ထို့နောက် ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos