တမန်တော်ဝတ္ထု 15:18 - မြန်မာ့စံမီသမ္မာကျမ်း18 ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။ Ver CapítuloCommon Language Bible18 ဤကားရှေးကာလ၌ထာဝရဘုရား မိန့်တော်မူသောဗျာဒိတ်တော်ဖြစ်သတည်း' ဟုဖော်ပြပါရှိသည်။ Ver CapítuloGarrad Bible18 ဖြစ် ပျက် သ မျှ ကို ကာ လ အ တန် ဖော် ပြ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ တည်း။ Ver CapítuloJudson Bible18 ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကိုသိတော်မူသည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 ဤအကြောင်းအရာများကို ယခင်အချိန်မှစ၍ သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ ဟူ၍ ရေးသားထား၏။ Ver Capítulo |
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။
သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။