တမန်တော်ဝတ္ထု 14:18 - မြန်မာ့စံမီသမ္မာကျမ်း18 သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အား ယဇ်ပူဇော်ခြင်းမပြုကြရန် လူထုပရိသတ်များကို ခဲယဉ်းစွာတားမြစ်ရ၏။ Ver CapítuloCommon Language Bible18 ဤသို့တမန်တော်တို့ကြွေးကြော်ကြသော် လည်း လူတို့ယဇ်ပူဇော်ရန်ကြိုးစားမှုကိုမူ ဆီးတား၍မရချေ။ Ver CapítuloGarrad Bible18 ထို သို့ ပြော ဆို လျက် ပူ ဇော် လို သော လူ ပ ရိ သတ် ကို တား ဆီး မိ ရုံ မျှ ရောက် ရ ကြ၏။ Ver CapítuloJudson Bible18 ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အားယဇ်မပူဇော်ရန် လူထုကို ခက်ခဲစွာ တားမြစ်ကြရ၏။ Ver Capítulo |
ထိုသူတို့ကလည်း “ဘေးဖယ်လော့”ဟု ဆိုကြပြီးလျှင် “ဤသူသည် ဧည့်သည်အဖြစ်လာရောက်နေထိုင်သူဖြစ်လျက်နှင့် တရားသူကြီးအလွန်လုပ်သည်တကား။ ယခု သင့်ကို ထိုသူတို့ထက် ဆိုးရွားစွာပြုမည်”ဟု ပြောဆိုကြ၏။ ထို့နောက် သူတို့သည် လောတကို ကြမ်းတမ်းစွာတွန်း၍ တံခါးကိုချိုးဖျက်ရန် ချဉ်းကပ်လာကြ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။