Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 13:51 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

51 ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ထို​သူ​တို့​တစ်ဖက်​၌ ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ပြီးလျှင် ဣကောနိ​မြို့​သို့ သွား​ကြ​၏။

Ver Capítulo Copiar

Common Language Bible

51 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​၏​စိတ် သ​ဘော​ကို​မ​နှစ်​သက်​သည့်​အ​နေ​ဖြင့် မိ​မိ တို့​ခြေ​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့​ထွက်​သွား​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

51 ထို နှစ် ပါး တို့ သည် ခြေ မုန့် ကို ပင် ခါ ခဲ့ ပြီး မှ ဣ ကော နိ မြို့ ရောက် သွား ကြ၏။

Ver Capítulo Copiar

Judson Bible

51 တ​မန်​တော်​တို့​သည် မိ​မိ​တို့​ခြေ​ဖ​ဝါး၌​ကပ်​သော မြေ​မှုန့်​ကို ထို​သူ​တို့​အား ခါ​လိုက်​ပြီး​မှ၊ ဣ​ကော​နိ​မြို့​သို့ သွား​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

51 ထို့ကြောင့် ပေါလု​နှင့် ဗာနဗ​တို့​သည် ထို​သူတို့​အား သတိပေးသည့်​အနေ​ဖြင့် ခြေ​မှ​ဖုန်မှုန့်များ​ကို ခါချ​၍ ဣကောနိမြို့​သို့ သွားကြ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 13:51
10 Referencias Cruzadas  

မည်သူမျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​ပြင်​သို့​ထွက်သွား​ကြ​စဉ် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့။


မည်သည့်​အရပ်​၌​မဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အရပ်​မှ​ထွက်ခွာ​ကြ​စဉ် သူ​တို့​တစ်ဖက်၌ သက်သေ​ဖြစ်​စေရန် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေမှုန့်​ကို​ပင် ငါ​တို့​ခါချ​ခဲ့​၏။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့’​ဟု ဟောပြော​ကြ​လော့။


မည်သူ​မျှ သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​မှ​ထွက်သွား​ကြ​စဉ် သူ​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​စေရန် သင်​တို့​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ပေါလု​နှင့်​ဗာနဗ​တို့​သည် ဣကောနိ​မြို့​၌​လည်း ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ထိုနည်းတူ ဟောပြော​ကြ​ရာ ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အမြောက်အမြား​တို့​သည် ယုံကြည်​ကြ​၏။


ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။


သူ​တို့​သည် ထို​မြို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​များစွာ​တို့​ကို တပည့်​တော်​ဖြစ်​စေ​ကြ​၏။ ထို့နောက် လုတ္တရ​မြို့၊ ဣကောနိ​မြို့​နှင့် အန္တိအုတ်​မြို့​များ​သို့ ပြန်သွား​ပြီးလျှင်


သူ​သည် လုတ္တရ​နှင့်​ဣကောနိ​မြို့​ရှိ ညီအစ်ကို​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​သူ​ဖြစ်​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​ဆန့်ကျင်​၍ စော်ကား​ပြောဆို​ကြ​သောအခါ သူ​သည် အဝတ်​ကို​ခါချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူကား ၎င်း​နှင့်​ကင်းရှင်း​၏။ ယခု​မှစ၍ ငါ​သည် လူမျိုးခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီးလျှင်


အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos