တမန်တော်ဝတ္ထု 13:46 - မြန်မာ့စံမီသမ္မာကျမ်း46 ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။ Ver CapítuloCommon Language Bible46 ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။- Ver CapítuloGarrad Bible46-47 ပေါ လု နှင့် ဗာ န ဗ တို့ က ဘု ရား သ ခင်၏ တ ရား တော် ကို သင် တို့ အား ဦး စွာ ဟော ပြော ရ၏။ သို့ ရာ တွင် သင် တို့ ပစ် ပယ် လျက် ထာ ဝ ရ အ သက် နှင့် မ ထိုက် တန် ကြောင်း ကိုယ် တိုင် ဆုံး ဖြတ် ကြ သော ကြောင့် မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ကယ် တင် ရာ ကယ် တင် ကြောင်း အ လို့ ငှါ၊ လူ မျိုး ခြား တို့ ရှေ့ အ လင်း သ ဖွယ် သင့် ကို ငါ ခန့် ထား သည် ဟူ သော ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ရ သည့် အ တိုင်း၊ ငါ တို့ သည် လူ မျိုး ခြား တို့ ထံ လှည့် တော့ မည် ဟု ရဲ ရင့် စွာ ပြန် ဆို ကြ၏။ Ver CapítuloJudson Bible46 ထိုအခါ ပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း46 ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။ Ver Capítulo |