တမန်တော်ဝတ္ထု 13:23 - မြန်မာ့စံမီသမ္မာကျမ်း23 ဘုရားသခင်သည် ကတိတော်အတိုင်း အစ္စရေးလူမျိုးအတွက် ကယ်တင်ရှင်ယေရှုကို ဤဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းစေတော်မူ၏။ Ver CapítuloCommon Language Bible23 ဘုရားသခင်သည်မိမိ၏ကတိတော်အတိုင်း ဣသရေလအမျိုးသားတို့အဖို့ကယ်တင်ရှင် ကို ထိုသူ၏သားမြေးများအထဲမှပေါ်ထွန်း စေတော်မူ၏။ ထိုအရှင်ကားသခင်ယေရှုပင် ဖြစ်သတည်း။- Ver CapítuloGarrad Bible23 ထို မင်း မျိုး မှ လည်း ဘု ရား သ ခင် သည် က တိ တော် အ တိုင်း ဣ သ ရေ လ လူ မျိုး တို့ ထံ ယေ ရှု တည်း ဟူ သော ကယ် တင် ရှင် ကို ပေါ် ထွန်း စေ တော် မူ ပြီ။ Ver CapítuloJudson Bible23 ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ကတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း23 ဘုရားသခင်သည် ကတိပြုတော်မူသည့်အတိုင်း ဒါဝိဒ်မင်း၏မျိုးဆက်မှ အစ္စရေးလူမျိုးအတွက် ယေရှုဟူသောကယ်တင်ရှင်တစ်ပါးကို ပို့ဆောင်ပေးတော်မူ၏။ Ver Capítulo |
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။