တမန်တော်ဝတ္ထု 12:10 - မြန်မာ့စံမီသမ္မာကျမ်း10 သူတို့သည် အစောင့်ချရာပထမနေရာနှင့်ဒုတိယနေရာတို့ကို ဖြတ်သွားပြီးလျှင် မြို့သို့သွားသည့်သံတံခါးသို့ ရောက်လာကြ၏။ ထိုတံခါးသည်လည်း သူတို့အတွက် အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းကြားတစ်ခုအတိုင်း ဆက်သွားကြစဉ် ကောင်းကင်တမန်သည် ပေတရုထံမှ ချက်ချင်းထွက်ခွာသွားလေ၏။ Ver CapítuloCommon Language Bible10 သူတို့သည်ကင်းနှစ်တန်ကိုကျော်လွန်သွားပြီး လျှင် ထောင်အထွက်သံတံခါးသို့ရောက်ကြ၏။ ထိုတံခါးသည်အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍လမ်းအတိုင်းလိုက်သွား ကြ၏။ ထိုနောက်ကောင်းကင်တမန်သည်ရုတ် တရက်ပေတရုထံမှထွက်ခွာသွားလေ၏။ Ver CapítuloGarrad Bible10 ကင်း နှစ် တန် လွန်၍ မြို့ ဝင် သံ တံ ခါး သို့ ရောက် ကြ သော် အ လို လို ပွင့် သ ဖြင့် ဝင် ရာ ကြား လမ်း တစ် လျှောက် လျှောက် ကြ ပြီး နောက် စေ တ မန် တော် ချက် ခြင်း ကွယ် လေ၏။ Ver CapítuloJudson Bible10 လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတစ်ကြောင်း၌လျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှ ခွာ၍ သွားလေ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 သူတို့သည် ပထမနှင့်ဒုတိယ အစောင့်တို့ကိုဖြတ်ကျော်ပြီးနောက် မြို့ဝင်သံတံခါးရှေ့သို့ ရောက်ရှိလာကြ၏။ ထိုတံခါးသည် အလိုအလျောက်ပွင့်သွားသဖြင့် သူတို့သည်လည်းအပြင်ထွက်၍ လမ်းကျဉ်းတစ်ခုအတိုင်းလျှောက်ကြစဉ် ကောင်းကင်တမန်သည် ပေတရုထံမှ ရုတ်တရက် ထွက်ခွာသွားလေ၏။ Ver Capítulo |