တမန်တော်ဝတ္ထု 10:33 - မြန်မာ့စံမီသမ္မာကျမ်း33 သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းလူလွှတ်ခဲ့ပါသည်။ သင်သည်လည်း ကြွရောက်လာသောကြောင့် ကျေးဇူးတင်ပါသည်။ ယခု အကျွန်ုပ်တို့အားလုံးသည် သင့်အား သခင်ဘုရားမိန့်မှာတော်မူသမျှတို့ကို ကြားနာရန် ဘုရားသခင်ရှေ့တော်၌ ရှိနေကြပါသည်”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible33 ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။ Ver CapítuloGarrad Bible33 ကိုယ် တော့် ထံ ချက် ချင်း လူ လွှတ် လိုက် ရာ ရောက် လာ တော် မူ သည် မှာ ကျေး ဇူး ကြီး လှ ပါ သည်။ ကိုယ် တော့် အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ ကို ကြား နာ ရန် ကျွန် တော် အ ပေါင်း တို့ သည် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ယ ခု ရှိ နေ ကြ ပါ သည် ဟု ပြန် လျှောက်၏။ Ver CapítuloJudson Bible33 ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှာ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း33 ထို့ကြောင့် ကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းပင် လူလွှတ်၍ခေါ်ရာ သင်ရောက်ရှိလာသည်မှာ ကောင်းမွန်လှ၏။ သို့ဖြစ်၍ သင့်အားဖြင့် သခင်ဘုရားမိန့်တော်မူသမျှကို နားထောင်ရန် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် အသင့်ရှိနေကြပါသည်” ဟု ဆိုလေ၏။ Ver Capítulo |
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။