တမန်တော်ဝတ္ထု 10:14 - မြန်မာ့စံမီသမ္မာကျမ်း14 သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။ Ver CapítuloCommon Language Bible14 ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။ Ver CapítuloGarrad Bible14 ပေ တ ရု က မ သင့် ပါ အ ရှင် ဘု ရား၊ မ သန့် သော အ ရာ၊ မ စင် ကြယ် သော အ ရာ၊ မည် သည် ကို မျှ မ သုံး ဆောင် ဘူး ပါ ဟု ပြန် လျှောက် သော်၊ Ver CapítuloJudson Bible14 ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တစ်ရံတစ်ခါမျှ မစားဖူးပါဟု ပြောဆို၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား။ အကျွန်ုပ်သည် ညစ်ညမ်းသောအရာနှင့် မစင်ကြယ်သောအရာကို မည်သည့်အခါမျှ မစားဖူးပါ” ဟု လျှောက်၏။ Ver Capítulo |
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
သို့ဖြစ်၍ သင်တို့သည် စင်ကြယ်သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောငှက်နှင့် စင်ကြယ်သောငှက်ကို ခွဲခြားထားရမည်။ သင်တို့အဖို့ မစင်ကြယ်သောအကောင်အဖြစ် ငါခွဲခြားထားသည့် တိရစ္ဆာန်အားဖြင့်ဖြစ်စေ၊ ငှက်အားဖြင့်ဖြစ်စေ၊ မြေပေါ်မှာတွားသွားသော အကောင်တစ်ကောင်ကောင်အားဖြင့်ဖြစ်စေ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။