Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 1:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထို့နောက် ထို​သူ​နှစ်​ဦး​အတွက်​မဲ​ချ​ကြ​ရာ မဿိ​အပေါ်​မဲ​ကျ​သဖြင့် သူ​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ တမန်တော်​စာရင်း​ဝင်​လေ​၏။

Ver Capítulo Copiar

Common Language Bible

26 ထို​နောက်​မဲ​ချ​ကြ​ရာ​မ​ဿိ​ရ​ရှိ​သ​ဖြင့် သူ့​အား​တ​မန်​တော်​တစ်​ကျိပ်​တစ်​ပါး​တို့ နှင့်​အ​တူ တ​မန်​တော်​ဖြစ်​စေ​ရန်​ရွေး​ကောက် ခန့်​ထား​ကြ​၏။

Ver Capítulo Copiar

Garrad Bible

26 မဲ ချ ကြ ရာ၊ မဿိ အ ပေါ် တွင် ကျ သ ဖြင့် တစ် ဆယ့် တစ် ပါး သော တ မန် တော် တို့ တွင် ပါ ဝင် သူ ဖြစ် သ တည်း။

Ver Capítulo Copiar

Judson Bible

26 စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ထို့နောက် မဲနှိုက်​ဆုံးဖြတ်ကြ​ရာ မဿိ​ကို မဲကျ​သဖြင့် သူ​သည် တမန်တော်​ဆယ့်တစ်ပါး​နှင့်အတူ တမန်တော်​စာရင်းဝင်လေ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 1:26
15 Referencias Cruzadas  

ဧလာဇာ​သားမြေး​နှင့် ဣသမာ​သားမြေး​တို့​သည် သန့်ရှင်းရာဌာန​၏​အကြီးအကဲ​များ​၊ ဘုရားသခင်​အမှု​တော်​ဆောင်​အကြီးအကဲ​များ​ဖြစ်​သောကြောင့် သူ​တို့​ကို မဲချ​၍ ညီတူညီမျှ​ခွဲခန့်​ထား​၏​။


ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။


လူထု​အကြီးအကဲ​တို့​သည် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​၏​။ ကျန်​သော​သူ​တို့​မူကား မဲချ​ဆုံးဖြတ်​သည့်​အတိုင်း လူ​ဆယ်​ယောက်​တွင် တစ်​ယောက်​သည် သန့်ရှင်း​ရာ​အရပ်​ဂျေရုဆလင်​မြို့​တွင် နေထိုင်​ရ​မည်​ဖြစ်​ပြီး ကျန်​ကိုး​ယောက်​ကား အခြား​သော​မြို့ရွာ​များ​တွင် နေထိုင်​ရ​မည်​ဖြစ်​သည်​။


ဉာဏ်စွမ်း​ကို​ပိုင်ဆိုင်​သော​သူ​အတွက် ထို​ဉာဏ်စွမ်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၏​။ မိုက်မဲ​ခြင်း​မူကား ဆိုးမိုက်​သော​သူ​တို့​ခံရ​သော အပြစ်ဒဏ်​ဖြစ်​၏​။


မဲ​ကို ပေါင်ခွင်​၌​ချ​တတ်​ကြ​၏​။ သို့သော် စီရင်ဆုံးဖြတ်ချက်​အားလုံး​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


အာရုန်​သည် ထို​ဆိတ်သငယ်​နှစ်​ကောင်​ကို မဲချ​ရ​မည်​။ မဲ​တစ်​ခု​သည် ထာဝရဘုရား​အဖို့​ဖြစ်၍ ကျန်​မဲ​တစ်​ခု​သည် အဇာဇယ်​အဖို့​ဖြစ်​၏​။


ထို့နောက် သူ​တို့​က “​မည်သူ့​ကြောင့် ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​ကို​သိရှိ​နိုင်​ရန် လာ​ကြ​၊ မဲ​ချ​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ပြီး မဲ​ချ​ကြ​ရာ ယောန​၌​မဲ​ကျ​လေ​၏​။


တမန်တော်​တို့​သည် ယေရှု​ထံ ပြန်လည်​စုဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သမျှ​နှင့် သွန်သင်​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။


ထိုအခါ သူ​တို့​သည် ယုစတု​အမည်​ရှိ​သော​ဗာရှဗ​ခေါ်​ယောသပ်​နှင့်​မဿိ​တို့​နှစ်​ဦး​ကို အဆိုပြု​လျက်


ထို့နောက် ခါနာန်​ပြည်​ရှိ​လူမျိုး​ခုနစ်​မျိုး​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​တိုင်းပြည်​ကို လူမျိုး​တော်​အား အမွေ​အဖြစ်​ခွဲဝေ​ပေး​တော်မူ​၏။


ထိုအခါ ပေတရု​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ​မတ်တတ်ရပ်​လျက် မိမိ​အသံ​ကို​ကျယ်စွာပြု​၍ “ဂျူး​အမျိုးသား​များ​နှင့် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​သော​သူ​အပေါင်း​တို့၊ ဤ​အရာ​ကို​သင်​တို့​အား သိမှတ်​စေ​လို​ပါ​၏။ ငါ့​စကား​ကို သေချာစွာ​နားထောင်​ကြ​လော့။


မောရှေ​အား ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​အမျိုးအနွယ် ကိုး​နွယ်​နှင့်​တစ်ဝက်​တို့​အား အမွေမြေ​ကို မဲချ​ခွဲဝေ​ပေး​၏​။


ယောရှု​လည်း ရှိလော​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ မဲချ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်စု​အလိုက် အမွေ​မြေ​ကို ခွဲဝေ​ပေး​၏​။


မြို့ရိုး​တွင် အုတ်မြစ်​တစ်ဆယ့်နှစ်​ခု​ရှိ​၍ ၎င်း​တို့​ပေါ်၌ သိုးသငယ်​တော်​၏​တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​၏​အမည်​တစ်ဆယ့်နှစ်​ခု​ကို​ရေး​ထား​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos