တမန်တော်ဝတ္ထု 1:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထိုအကြောင်းကို ဂျေရုဆလင်မြို့၌ နေထိုင်သောသူအပေါင်းတို့သည်သိ၍ ထိုမြေကို မိမိတို့ဘာသာစကားဖြင့် အကေလဒမဟုခေါ်ဆိုကြ၏။ ၎င်း၏အဓိပ္ပာယ်မှာ သွေးမြေဟူ၍ဖြစ်၏။ Ver CapítuloCommon Language Bible19 ယေရုရှလင်မြို့နေလူအပေါင်းတို့သည် ဤ အဖြစ်အပျက်အကြောင်းကိုကြားသိကြ၏။ သို့ဖြစ်၍ထိုလယ်ကိုမိမိတို့ဘာသာစကား ဖြင့် ``အကေလဒမ'' ဟုခေါ်ဆိုကြ၏။ အကေလ ဒမ၏အနက်ကား``သွေးလယ်'' ဟူ၏။) Ver CapítuloGarrad Bible19 ယေ ရု ရှ လင် မြို့ သူ မြို့ သား အ ပေါင်း တို့ ကြား သိ သော ကြောင့် ထို လယ် ကွက် ကို ကိုယ့် ဘာ သာ ဖြင့် သွေး လယ် ဟု ဆို လို သော အ ကေ လ ဒ မ ဟု သ မုတ် ကြ ၏။ Ver CapítuloJudson Bible19 ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထိုမြေကို အကေလဒမဟု ခေါ်တွင်ကြ၏။ အနက်ကား သွေးမြေဟု ဆိုလိုသတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 ထိုသတင်းကို ဂျေရုဆလင်မြို့၏ဒေသခံများအားလုံး သိကြ၏။ ထိုမြေကွက်ကိုလည်း သူတို့၏ဘာသာစကားအားဖြင့် အကေလဒမဟု ခေါ်ဆိုကြ၏။ အဓိပ္ပာယ်မှာ သွေးမြေဟု ဆိုလို၏။ Ver Capítulo |
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။