ဇေဖနိ 3:9 - မြန်မာ့စံမီသမ္မာကျမ်း9 လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။ Ver CapítuloCommon Language Bible9 ``ထိုအခါငါသည်လူမျိုးအပေါင်းကို ပြုပြင်ပြောင်းလဲစေမည်ဖြစ်၍ သူတို့သည် အခြားဘုရားများကိုမကိုးကွယ်ဘဲ ငါ့ ကိုသာကိုးကွယ်ကြလိမ့်မည်။ သူတို့အား လုံးပင်ငါ၏စကားကိုနားထောင်ကြ လိမ့်မည်။- Ver CapítuloGarrad Bible9 ထို ကာ လ၊ လူ အ မျိုး မျိုး တို့ သည်၊ တစ် သ ဘော တည်း ဝတ် ပြု လျက်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု စေ ခြင်း ငှာ၊ နှုတ် များ ကို ငါ စင် ကြယ် စေ မည့် အ လျောက်၊ Ver CapítuloJudson Bible9 အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း၊ နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။ Ver Capítulo |
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။