ဇေဖနိ 3:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုမြို့သည် အသံတော်ကို နားမထောင်၊ ဆုံးမပဲ့ပြင်ခြင်းကို မခံယူ၊ ထာဝရဘုရားကို မကိုးစား၊ ဘုရားသခင်ထံ မဆည်းကပ်သောမြို့ဖြစ်၏။ Ver CapítuloCommon Language Bible2 ထိုမြို့သည်ထာဝရဘုရား၏ဗျာဒိတ်တော် ကိုနားမထောင်။ ကိုယ်တော်၏စည်းကမ်းကို မလိုက်နာ။ ကိုယ်တော်ကိုယုံကြည်ကိုးစား မှုမပြု။ ကိုယ်တော်၏ကူမမှုကိုလည်းမ တောင်းခံခဲ့။- Ver CapítuloGarrad Bible2 ဗျာ ဒိတ် တော် ကို နား ထောင် ခြင်း၊ အ ဆုံး အ မ တော် ကို နာ ယူ ခြင်း၊ ထာ ဝ ရ ဘု ရား ကို အား ကိုး ခြင်း၊ ကိုယ့် ဘု ရား သ ခင့် ထံ ချဉ်း ကပ် ခြင်း များ ကို၊ မ ပြု သည့် အ လျောက်၊ Ver CapítuloJudson Bible2 နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမတော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိ ဘုရားသခင့်ထံတော်သို့ မချဉ်းကပ်၊ Ver Capítulo |
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။