ဇာခရိ 9:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရား၏ဗျာဒိတ်စကားသည် ဟာဒရက်ပြည်ကို ဆန့်ကျင်၍ ဗျာဒိတ်တော်တည်ရာ ဒမတ်စကပ်မြို့အပေါ်သို့ သက်ရောက်၏။ အကြောင်းမူကား အစ္စရေးအမျိုးအနွယ်အပါအဝင် လူအပေါင်းတို့သည် ထာဝရဘုရားကို မျှော်ကြည့်ကြ၏။ Ver CapítuloCommon Language Bible1 ထာဝရဘုရား၏ဗျာဒိတ်တော်ကားဤသို့ တည်း။ ကိုယ်တော်သည်ဟာဒရက်ပြည်နှင့်ဒမာသက် မြို့ကိုအပြစ်ဒဏ်ခတ်ရန်စီရင်ချက်ချမှတ် တော်မူလေပြီ။ ထာဝရဘုရားသည်ဣသရေ လလူမျိုးနွယ်များကိုသာလျှင်မဟုတ်၊ ရှုရိ ပြည်၏မြို့တော်ကိုလည်းပိုင်တော်မူ၏။- Ver CapítuloGarrad Bible1-2 ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ မှ စ၍ လူ အ မျိုး မျိုး တို့ ကို၊ ထာ ဝ ရ ဘု ရား မျက် မှောက် ပြု တော် မူ သည့် အ လျောက်၊ ဟာ ဒ ရက် နယ်၊ သင့် ရောက် ရာ ဒ မာ သက် နယ်၊ နီး စပ် သော ဟာ မတ် နယ်၊ ပ ညာ ရှိ သော ဇိ ဒုန် မြို့ နှင့် တု ရု မြို့ များ ပေါ် တွင်၊ ထာ ဝ ရ ဘုရား ၏ ဗျာ ဒိတ် ဝန် တင် ချက် ကား၊ Ver CapítuloJudson Bible1 ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကိုလည်းကောင်း၊ ဣသရေလအမျိုးအနွယ် အပေါင်းတို့ကိုလည်းကောင်း ကြည့်ရှုလျက် ရှိတော်မူ၏။ Ver Capítulo |
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။